Chapter 29

2K 441 0
                                    

(Unicode)

A voice came from afar saying “so fragrant”

သူကသဘောတူဟန် အသံတစ်ချက်ပြုပြီး ထိုမိန်းကလေးက ရှက်နေသလို မေးလာသည်။ “ပထမအတန်းချိန်ပြီးရင် အပြင်ကိုထွက်လာဖို့ ပြောပေးလို့ရမလား”

လုယွင်ဖေး: …

လုယွင်ဖေး သူ(မ)ကို အာမခံချက်ပေးနိုင်သည်ဟု မထင်ပေ။ “အတန်းပြီးမှ သူ့ကိုလာရှာရင်ရော”

“ငါက အခြားတန်းကဆိုတော့ မင်းတို့အတန်းကို ဝင်လာလို့မကောင်းလို့ နင့်ကို အကူအညီတောင်းရတာ”

“ငါကူညီပေးနိုင်ပေမဲ့ ပျမ်းကျင်းယွမ် ထွက်တွေ့မတွေ့ကိုတော့ သဘောမတူနိုင်ဘူး။” လုယွင်ဖေး အမှန်အတိုင်းပြောပြလိုက်သည်။ “သူမလုပ်ချင်ရင် ငါလည်းတွန်းအားပေးလို့မရဘူး”

“ရပါတယ်။ သူ့ကိုမေးပဲမေးပေး။ သူသဘောမတူရင်လည်း အဆင်ပြေပါတယ်” ထိုမိန်းကလေးက ညင်သာစွာပြန်ပြောသည်။

“ကောင်းပြီလေ” လုယွင်ဖေး သဘောတူလိုက်သည်။

“ကျေးဇူးတင်ပါတယ်။ ငါ့နာမည်က ဆွန်းမော့?? ။ ပူဖောင်းကမော့”

“အိုကေ”

ဆွန်းမော့က ထိုစကားပြောကာ ထွက်သွားတော့သည်။

လုယွင်ဖေး နောက်လှည့်လိုက်သည့်အခါ လီယွမ်ချင်းက ရှိုးတစ်ခုကိုကြည့်နေသလို နံရံကိုမှီကာ သေချာစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူလှည့်ကြည့်သည့်အခါ လေပင်ချွန်လိုက်သေးသည်။

လုယွင်ဖေးတွင် ဘာမှပြောစရာရှိမနေပေ။

လီယွမ်ချင်းက လျှောက်လာကာ သူ့လက်ကို လုယွင်ဖေး ပခုံးပေါ်သိုင်းဖက်လိုက်သည်။

“ရည်းစားစကားပြောတာလား”

“ငါ့ကိုမဟုတ်ဘူး”

“ဟမ်” လီယွမ်ချင်းက အံ့အားသင့်သွားမိသည်။ “ဒါဆို ဘာလို့မင်းကိုရှာတာလဲ”

“မြားနတ်မောင်လုပ်ဖို့”

“ပြောခိုင်းတာလား”

လုယွင်ဖေးက ခေါင်းညိတ်ပြသည်။ “ဘုရင်ရှောင်းက နတ်ဘုရားမကို တစ်ဖက်သတ်ချစ်နေတာက ဆိုးတယ်”

After I Possessed the Tmall Genie of the School Adonis(မြန်မာဘာသာပြန်)Where stories live. Discover now