Chapter 56

1.8K 393 3
                                    

It’s getting cold, let Zhong YanRong Retire and Fei Fei’s Birthday.

(Unicode)

ပျမ်းကျင်းယွမ်က ပြုံးလိုက်သည်။ “ကြည့်ရတာ အနားယူလို့ ရပြီပဲ”

“မရဘူး” လုယွင်ဖေးက သူ့ကို သတိပေးလာသည်။ ဆရာက ကိုယ့်တပည့်ကို မပစ်ပယ်သင့်ပါဘူး။ ဒီတပည့်ရဲ့ အင်္ဂလိပ်စာအမှတ်က ဆရာ့အပေါ်မှာပဲ မူတည်နေတာပါ၊ ဆရာတစ်ယောက်တည်းအပေါ်မှာပါ”

“ဆရာမကျောက်ကလည်း အင်္ဂလိပ်စာ သင်တာ တော်တယ် မဟုတ်ဘူးလား။ အဆိုးထဲက အကောင်းပေါ့”

လုယွင်ဖေး: …

ယခုအကြိမ်မှ လုယွင်ဖေး သူ့ဆရာက သူ့ရှေ့တွင် အခြားသူများကို မချီးကျူးနိုင်လောက်အောင်အထိ သဘောထားသေးသိမ်ကြောင်း သဘောပေါက်မိခြင်း ဖြစ်သည်။ ထို့ကြောင့် လုယွင်ဖေး ပြန်တုံ့ပြန်လိုက်သည်။ “အခု ပြောလိုက်တဲ့ စကားတွေက ယဉ်ကျေးသမှုနဲ့ ပြောလိုက်တာတွေလေ။ အပေါ်ယံတွေပဲ ဆိုတော့ ထည့်တွက်လို့ မရဘူး”

“ဒါဆိုရင် အခု ပြောတဲ့ စကားတွေကရော အပေါ်ယံမဟုတ်ဘူး၊ ယဉ်ကျေးသမှုနဲ့ ပြောတာ မဟုတ်ဘူးဆိုတာ ဘယ်လိုသိမှာလဲ”

လုယွင်ဖေး ငိုချင်လာသည်။

ပျမ်းကျင်းယွမ်က ပြုံးပြကာ သူ မဆုပ်ထားသည့် အခြားလက်ဖြင့် သူ့ခေါင်းကို ပွတ်ပေးသည်။ “ငါက မင်းကို စနေတာ”

လုယွင်ဖေး: …

“ငါ့ကို စရတာ ပျော်စရာကောင်းရဲ့လား”

ပျမ်းကျင်းယွမ်က သူ့ခေါင်းကို ညိတ်ပြသည်။ “ပျော်စရာကောင်းတယ်”

လုယွင်ဖေး: …

လုယွင်ဖေး မည်သို့ ပြောဆိုရမည်ကိုပင် မသိတော့။ သူ့ဆရာကို နှစ်သစ်ဖြစ်ကြောင်း ဆုမွန်ကောင်း တောင်းသင့်သည် ထင်သည်။ *

*(သက်သောင့်သက်သာမဖြစ်တဲ့ အခြေအနေမျိုးတွေမှာ ပြောတဲ့ အင်တာနက်ဗန်းစကားပါ)

ပျမ်းကျင်းယွမ်က လုယွင်ဖေးကို ဂိုက်သင်ပေးပြီးသည့်အခါ လုယွင်ရှန်းက အိမ်ပြန်ရောက်လာသည်။ သူထွက်လာသည်ကို မြင်ချိန်တွင် သူ(မ)က နှုတ်ဆက်သည်။ “အိမ်ကို ကောင်းကောင်းပြန်”

After I Possessed the Tmall Genie of the School Adonis(မြန်မာဘာသာပြန်)Where stories live. Discover now