Extra - 2

1.5K 260 5
                                    


Cohabitation

(Unicode)

လုယွင်ဖေးနှင့် ပျမ်းကျင်းယွမ်တို့ သူတို့အိမ်အသစ်သို့ ပြောင်းရွှေ့ခဲ့ကြသည်။

အဆောင်တွင် စာသင်နှစ်တစ်ဝက်စာမျှ နေထိုင်ပြီးသည့်နောက်တွင် သူတို့အိမ်တစ်အိမ်ကို ရွေးချယ်ခဲ့ပြီး ပရိဘောဂများထည့်သွင်းကာ နောက်စာသင်နှစ်ဝက်တွင် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ သူတို့ပြောင်းရွှေ့သည့်နေ့တွင် လုယွင်ဖေးက တက်တက်ကြွကြွလေထုအဖြစ်သို့ ပြောင်းလဲစေရန် ဟော့ပေါ့စားရန်ဟုဆိုပြီး သူငယ်ချင်းများကို ဖိတ်ခေါ်ခဲ့သည်။

ယွင်ရှောက်ကလည်း လာလည်ခဲ့ကာ အိမ်ကို ပတ်ကြည့်ပြီးနောက်တွင်မှ နေရာကောင်းတစ်ခုဖြစ်ကြောင်း ပြောဆိုခဲ့၏။ သူ ပင်မအိပ်ခန်းသို့ ရောက်သည့်အခါ တံခါးက သော့ချထားသည်ကို တွေ့ရသောကြောင့် ထိုဘေးရှိ ဒုတိယအိပ်ခန်းသို့ လျှောက်သွားမိသည်။ ထိုအခန်းသည်လည်း လော့ချထားသည်ကို‌ တွေ့လိုက်ရသည်။

ယွင်ရှောက်က နားမလည်နိုင်သလိုဖြစ်သွားသော်လည်း ပျမ်းကျင်းယွမ်က သာမန်ကာလျှံကာ ပြန်ပြောလာသည်။ “ကိုယ်ပိုင်နေရာဆိုတော့ ကိုယ့်ဘာသာပဲ အေးအေးဆေးဆေးနေချင်လို့”

ယွင်‌ရှောက်က ယခုနောက်ပိုင်းကလေးများမှာ ကိုယ်ရေးကိုယ်တာကိစ္စကို လျှို့ဝှက်တတ်သည်ဟုသာ တွေးမိလိုက်ပြီး များများစားစားမတွေးခဲ့မိချေ။

လုယွင်‌ဖေး သူထွက်သွားပြီးသည့်နောက်တွင်မှ ပင်မအိပ်ခန်းကို ဖွင့်လိုက်သည်။ သူတို့နေရာတွင် အိပ်ခန်းနှစ်ခန်းနှင့် ဧည့်ခန်းတစ်ခန်းပါ‌သော်လည်း သူတို့နှစ်ယောက်လုံးက တစ်‌ယောက်တစ်ခန်းအိပ်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။ သူတို့ပစ္စည်းများအားလုံးက ပင်မအိပ်ခန်းတွင်သာ ရှိနေကာ ဒုတိယအိပ်ခန်းတွင်တော့ အသေးအဖွဲပစ္စည်းများနှင့် စာအုပ်များသာ ရှိ၏။ သူတို့နှစ်ယောက်တည်းသာရှိချိန်တွင် အိပ်ခန်းများကို သော့မခတ်ထားပေ။ ဧည့်သည်များရှိသည့်အခါတွင် တံခါးသော့ခတ်တတ်သည့် အလေ့အကျင့်ရှိကြောင်း ယူဆအောင် ပိတ်ထားလိုက်သည်။

After I Possessed the Tmall Genie of the School Adonis(မြန်မာဘာသာပြန်)Where stories live. Discover now