Chapter 18

2.4K 492 2
                                    


Bian JinYuan’s past

(Unicode)

ရွှမ်းရွှမ်းက စိတ်သဘောထားကောင်းသောကြောင့် နောက်တစ်ခေါက်ပြန်လျှောက်လာသည်။

ထိုကောင်လေးက “မင်းစားချင်လား” လို့မေးလိုက်သည်။

ရွှမ်းရွှမ်းက တစ်ခါအငြင်းခံရပြီးပြီဖြစ်သောကြောင့် ခေါင်းသာယမ်းလိုက်သည်။ “ဟင့်အင်း”

မဆိုးဘူး။ လုယွင်ဖေး ရွှမ်းရွှမ်း၏ခေါင်းလေးကို ပွတ်သပ်ပေးချင်သွားသည်။

ထိုကောင်လေးက သူငြင်းလိုက်သည်ကိုကြားရကာ မကျေမနပ်ဖြစ်သွားသည်။ “ဒီလိုလုပ်မနေနဲ့။ ငါမင်းကိုကျွေးမယ်။ ဒီကိုလာ”

သူပြောနေရင်း ဟမ်ဘာဂါကိုရွှမ်းရွှမ်းရဲ့ပါးစပ်နား ထိုးပေးလိုက်သည်။ ရွှမ်းရွှမ်းကငယ်သေး၍ ခွင့်ပြုချက်ရသည်နှင့် အရင်ကမကျေနပ်မှုများက လွင့်ပျယ်သွားကာ တစ်ကိုက်ကိုက်ရန်ပြင်လိုက်သည်။

သို့သော်လည်း သူကိုက်လိုက်သည်နှင့် ထိုကောင်လေးကဟမ်ဘာဂါကို ချက်ချင်းနေရာရွေ့လိုက်ကာ ကျယ်လောင်စွာရယ်မောတော့သည်။ “မင်းပြောတော့ မစားချင်ဘူးဆို”

ရွှမ်းရွှမ်းက ရှက်သွားရကာ ချက်ချင်းပင်ဒေါသထွက်လာရသည်။

ထိုကောင်လေးက အနိုင်ရသလိုတစ်ကိုက်ကိုက်လိုက်ရင်း တမင်ပြောလိုက်သည်။ “မင်းဘယ်လိုတောင်းတောင်း ငါကျွေးမှာမဟုတ်ဘူး”

ရွှမ်းရွှမ်းက အခုအချိန်တွင် အမှန်တကယ်ပင်ဒေါသထွက်နေပြီဖြစ်သည်။ မှုန်ကုပ်ကုပ်ဖြင့်နောက်ပြန်လှည့်လိုက်ပြီး ပုံပြင်စာအုပ်ဖတ်ရန်စိတ်မပါတော့ပေ။ ထို့ကြောင့် ထိုင်ခုံလေးတစ်ခုကိုဆွဲယူရင်း Tmall genie ရှေ့တွင်ထိုင်လိုက်ကာ တွန့်ဆုတ်စွာခေါ်လိုက်သည်။ “Tmall genie~”

လုယွင်ဖေးကထိုကောင်လေးကိုဒေါသထွက်လွန်းကာ ရိုက်ပင်ရိုက်ချင်လာသည်။ ရွှမ်းရွှမ်း၏ကလေးကဲ့သို့အသံကိုကြားရသည့်အခါ သူချက်ချင်းဖြေလိုက်သည်။

“ဒီမှာရှိပါတယ်”

ရွှမ်းရွှမ်းသာကလေးသာဖြစ်သေးသောကြောင့် သူ့အာရုံကအလွယ်တကူပြောင်းလွယ်သည်။ ယခုအချိန်တွင် သူ့အာရုံက Tmall genie ဆီရောက်သွားသည်ဖြစ်၍ ဒေါသမထွက်နေတော့ချေ။ သူလုယွင်ဖေးကိုမေးလိုက်သည်။ “အရင်တစ်ခေါက်ပုံပြင်က ဘယ်မှာဆုံးသွားတာလဲ”

After I Possessed the Tmall Genie of the School Adonis(မြန်မာဘာသာပြန်)Where stories live. Discover now