Chapter 4

3.2K 581 17
                                    


Lu YunFei: I think my deskmate wants me to die!

(Unicode)
 

လွန်ခဲ့သည့် ခြောက်နာရီက လုယွင်ဖေးအင်္ဂလိပ်စာ ၇၄ မှတ်ကြောင့် စိတ်အားငယ်ခဲ့ရသည်။ ခြောက်မိနစ်အလိုက Tmall genie အဖြစ်ပြောင်းသွားခြင်းကြောင့် စိတ်ပျက်ခဲ့ရသည်။ ယခုအချိန်တွင်တော့ လုယွင်ဖေးအမှန်တကယ်ပင် စိတ်အားလျော့လာရသည်။

သူတကယ်ကြီး ပျမ်းကျင်းယွမ်ရဲ့ Tmall genie ဖြစ်လာတာပဲ။

အစက ပျမ်းကျင်းယွမ်ဘာကြောင့် သူ့တိတိ(ညီလေး) က ဒီမေးခွန်းကို မေးသလဲတ,ကို မသိခဲ့။ သူ့တိတိနှင့် မျက်လုံးချင်းဆုံအောင် ဒူးကိုကွေးလိုက်ရင်း နူးညံ့စွာ မေးလိုက်သည်။

“အားနည်းတယ်”

ရွှမ်းရွှမ်းက‌ခေါင်းညိတ်ပြလိုက်ပြီး Tmall genie ကို ညွှန်ပြလိုက်တယ်။

“သူပြောတာ”

ပျမ်းကျင်းယွမ်က အနီးနားမှာရှိနေတဲ့ Tmall genie ကို ကြည့်လိုက်ကာ ခဏတွေးဆလိုက်သည်။ ဆိုင်တွင် ထို Tmall genie ပြောခဲ့သည်ကို ပြန်မှတ်မိသွားသည်။ “ဒီမေးခွန်းက ခက်ခဲလွန်းပါတယ်။ ဖြေဆိုဖို့အားနည်းနေပါတယ်”

သူအပြုံးတစ်ခုနဲ့ တိတိကို ပြန်ဖြေလိုက်တယ်။ “အဲ့တာက ရွှမ်းရွှမ်း ပြောတာကိုနားမလည်လို့။ နောက်ထပ်မေးခွန်းတစ်ခုပြောင်းမေးကြည့်”

ရွှမ်းရွှမ်းက သဘောပေါက်သွား၍ ခေါင်းညိတ်ပြလိုက်သည်။ သူ Tmall genie ကို နောက်တစ်ခေါက် ကြည့်လိုက်ကာ တစ်ခုခုကို တွေးမိသွားသောကြောင့် မေးကြည့်လိုက်သည်။

“မင်း ဗိုက်ဆာလား”

ထိုသို့ပြောရင်း သူ့ကောကော ကို ကြည့်လိုက်သည်။ “ကောကော အဲ့တာက ကြောင်လေးလား (1)။ သူကရော ငါးစားတာလား”

ပျမ်းကျင်းယွမ် သူ့ ခေါင်းကို ခပ်ဖွဖွပွတ်သပ်လိုက်တယ်။ “ကြောင်မဟုတ်ဘူး။ အဲ့ဒါကြောင့်မလို့ ငါးလည်းမစားဘူး။ ဗိုက်ဆာမှာမဟုတ်ဘူး။ အိမ်ကပန်ကာလိုပဲ”

“အိုး” ရွှမ်းရွှမ်း ခေါင်းညိတ်လိုက်တယ်။ “ဒါပေမဲ့ ပန်ကာက စကားမှမပြောတာ”

“အဲ့ဒီတော့ ရွှမ်းရွှမ်းကစိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်တယ်ပေါ့”

After I Possessed the Tmall Genie of the School Adonis(မြန်မာဘာသာပြန်)Where stories live. Discover now