Chapter 65

1.8K 384 12
                                    

That’s Not Necessary, I like You

(Unicode)

တုရှင်း၏ ဒရမ်မာဇာတ်လမ်းပြီးသည့်အခါ အတန်းတစ်ရှိ ကျောင်းသားများက သူ့ကို နွေးထွေးစွာ မဆက်ဆံကြတော့။ သူ(မ)နှင့် ရင်းနှီးသည့် လူများက လွဲပြီး မိန်းကလေးအများစုက တုရှင်းက ကောက်ကျစ်သည့် လူဟု ခံစားမိကြကာ သူနှင့် ခပ်ဝေးဝေးမှသာ နေကြတော့သည်။

တုရှင်းက ထိုသို့ ခွဲခြားခံရခြင်းကို ဒေါသထွက်ပြီး အတန်းတစ်မှ အတန်းဖော်များနှင့် ဆရာများက သူနှင့် စာကိစ္စကိုသာ ဆွေးနွေးခြင်းကို သဘောမကျပေ။ ထို့ကြောင့် သူ ထိုသူတို့ကို စတင် ကဲ့ရဲ့စပြုလာသည်။

“ငါလည်း သူတို့လို တောသားတွေနဲ့ မဆက်ဆံချင်ပါဘူး” သူ စိတ်ထဲ၌ လှောင်ပြောင်လိုက်မိသည်။

သူ ထိုသို့ ပြုမူခံရခြင်းကို သည်းမခံနိုင်ကာ လုယွင်ဖေးကိုလည်း သဘောမကျသောကြောင့် လက်စားချေရန် နည်းလမ်းရှာခဲ့သည်။

ထိုနေ့တွင် တုရှင်း ရေသွားယူချိန်တွင် လုယွင်ဖေးက စာလုံးပေါင်းစစ်သည်ကို ခံနေရကာ ပျမ်းကျင်းယွမ်က တရုတ်အဓိပ္ပာယ်များကို ရွတ်ဖတ်ပြပြီး သစ်အယ်သီးများကို ခွာနေသည်။ သူက ခွာထားသည့် သစ်အယ်သီးများကို မစားဘဲ ထိုအစား လုယွင်ဖေးကိုသာ ခွံ့ကျွေးနေသည်။

လုယွင်ဖေးက စာလုံးပေါင်းရင်း အလုပ်ရှုပ်နေကာ သစ်အယ်သီးကို ဝါးရင်း ဆိုလာသည်။ “ဘေးကို ချထားလိုက်လေ။ ငါ စာလုပ်ပြီးမှ စားလိုက်မယ်”

ပျမ်းကျင်းယွမ်က ထိုသည်ကို ကြားကာ ထိုသစ်အယ်သီးများကို ဘေးရှိ စာရွက်ပေါ်တွင် တင်ထားလိုက်ပြီး သူ့ကို စာဆက်စစ်တော့သည်။

တုရှင်းက ထိုသည်ကို ကြည့်ပြီး ဒေါသထွက်လာတော့သည်။ ပျမ်းကျင်းယွမ်ရဲ့  အချိန်မရှိဘူးဆိုတာ ဒါကို ပြောတာလား။ သူက လုယွင်ဖေးအတွက် သစ်အယ်သီးကို အခွံနွာပေးဖို့ အချိန်ရပေမဲ့ သူ့အတွက် မေးခွန်းတစ်ခုလောက်တောင် မဖြေမပေးနိုင်ဘူးလား။ လုယွင်ဖေးမှာကရော လက်မပါလို့လား။ တစ်ယောက်ယောက်က သူ့ကို နွာပေးဖို့ လိုလို့လား။ ပျမ်းကျင်းယွမ်က သူ့ကို ငြင်းတုန်းကကျ သူက ဘဝင်မြင့်သလို ဖြစ်နေတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး လုယွင်ဖေးကိုကျ အမြီးတနှံ့နှံ့ ဖြစ်နေတာလဲ။ သူက လုယွင်ဖေးရဲ့ အစေခံလား။

After I Possessed the Tmall Genie of the School Adonis(မြန်မာဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang