Chapter 78

1.5K 290 4
                                    


“I only like you; I really like you”

(Unicode)

သူတို့နှစ်ယောက် အိမ်ကို အတူပြန်ခဲ့ကြသည်။ ယခင်နှစ်က လုယွင်ဖေး သူ့အိမ်သို့လာရန် ပျမ်းကျင်းယွမ် စိတ်အားထက်သန်ခဲ့ခြင်းမရှိပေ။ သူ ဆင်းရဲနွမ်းပါးသည်ကို လုယွင်ဖေးထံ ဖော်ထုတ်လိုခြင်းမရှိဘဲ သူ့မျက်လုံးများထဲတွင် အံ့ဩမှု၊ တုန်လှုပ်ချောက်ချားမှုနှင့် သနားမှုအရိပ်အယောင်များကို မမြင်လိုခဲ့ချေ။

သို့သော်လည်း ထိုအချိန်က လုယွင်ဖေးမှာ ရွံရှာခြင်းနှင့် သနားခြင်းပင်မရှိဘဲ သူ့အိမ်ကို တည်ငြိမ်စွာ ဝင်ရောက်လာခဲ့ကာ သူတို့အကြားတွင် နွေးထွေးမှုသာ ရှိနေခဲ့သည်။ ထို့ကြောင့် လုယွင်ဖေးက ယခုနှစ်လာရောက်မည့်အကြောင်း ဆိုလာခဲ့စဉ်တွင် သူမငြင်းပယ်ခဲ့ဘဲ ထိုသူ အိမ်သို့ရောက်လာချိန်ကိုသာ စောင့်စားခဲ့မိသည်။

ပျမ်းကျင်းယွမ်က လုယွင်ဖေးကို ရေတစ်ခွက်ဖြည့်ပေးချိန်တွင် သူက သူ့အိတ်ကို ချပြီး ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်၏။

လုယွင်ဖေး သူ့လက်များကို နွေးအောင် အရင်လုပ်လိုက်ပြီး မဖယ်ရသေးသည့် စာရွက်များကို ကြည့်ကာ အံ့ဩတကြီးဆိုလိုက်မိသည်။ “မင်းက အများကြီးတောင် ပြီးသွားပြီပဲ”

ပျမ်းကျင်းယွမ်က တည်ငြိမ်စွာ ပြန်ဖြေလာသည်။ “ငါ့မှာ ဘာမှလုပ်စရာမှမရှိတာ။ အဲဒါကြောင့် ဒါတွေပဲ ထိုင်လုပ်နေတာ”

“ဒါပေမဲ့ မင်းလုပ်တာ တော်တော်မြန်တယ်” လုယွင်ဖေးက ‌ရေရွတ်သည်။

ပျမ်းကျင်းယွမ်က သူ့ဘေးတွင် ထိုင်ပြီး ညင်သာစွာ ဆိုလိုက်၏။ “မင်းလုပ်စရာကျန်တာတွေ လုပ်နေတုန်း ငါ မင်းဘေးမှာ နေပေးမယ်လေ”

လုယွင်ဖေးက ရောက်ရောက်ချင်း အိမ်စာမလုပ်ချင်သေးပေ။ သူ ခဏလောက် ဆော့ကစားချင်သေးသောကြောင့် စာစမလုပ်သေးခင် သူနှင့် ပျမ်းကျင်းယွမ်မှာ တစ်ကျော့လောက် အတူကစားဖြစ်ခဲ့ကြသည်။

ပျမ်းကျင်းယွမ်က သူ့ဘေးတွင် ထိုင်နေရင်း အပူပေးမီးအိမ်ငယ်လေးကို ဖွင့်လိုက်သည်။ လုယွင်ဖေး စာလုပ်နေချိန်တွင် ဘေးတွင် နေပေးကာ လျှပ်စစ်ရေနွေးမီးအိမ်ကိုပင် ကမ်းပေးလာသေး၏။

After I Possessed the Tmall Genie of the School Adonis(မြန်မာဘာသာပြန်)Where stories live. Discover now