Chapter 54

1.7K 440 21
                                    


Bian JinYuan: “Not impossible”

 (Unicode)

ပျမ်းကျင်းယွမ်က သူ့ကို ကြည့်ရန် မျက်လုံးပင့်လိုက်သည့်အခါ လုယွင်ဖေးက စင်ပေါ်ကို လက်ညှိုးထိုးပြသည်။ "နိုင်ငံတစ်နိုင်ငံဟာ ဘုရင်မရှိရင် တစ်ရက်တောင် မခံနိုင်သလို ကျောင်းသားတွေကလည်း ဆရာမရှိလို့ မရဘူး။ မင်းစာသင်တာက အရမ်းကောင်းတယ်လို့ ငါထင်တယ်၊ မင်း ငါတို့ကို သင်ပေးလို့ ရတာပဲ"

ပျမ်းကျင်းယွမ်:...

လုယွင်ဖေးက ထပ်ပြောလာသည်။ "လူတိုင်းက စာသင်ချင်နေကြပေမယ့် ကျောင်းရန်ရုန်က မသင်ချင်ဘူး။ တခြားဆရာတွေကလည်း ငါတို့အတန်းကို သင်ပေးလို့မရဘူး။ မင်းက ဒီအတန်းထဲမှာ အင်္ဂလိပ်စာက အတော်ဆုံးပဲလေ။ မင်းမှ မသင်ရင် ဘယ်သူသင်မလဲ"

ပျမ်းကျင်းယွမ်က ဤအကြံက ပကတိရိုးသားလွန်းသည်ဟု ခံစားရသည်။ "မဖြစ်နိုင်ဘူး"

"ဟုတ်ပါတယ်၊ ဒါပေမဲ့ ငါတို့မှာ ရွေးချယ်စရာမရှိဘူး၊ လူတိုင်းက အာဏာကို ဖီဆန်တော့မယ်၊ မင်းက ငါတို့ကို မဦးဆောင်ရင် ငါတို့လို သူပုန်တွေက ဘယ်လိုပုန်ကန်မလဲ"

ပျမ်းကျင်းယွမ်: ...

လုယွင်ဖေးက ဆုတောင်းသလို လက်အုပ်ချီလိုက်သည်။ "လုပ်ပါ"

"လုယွင်ဖေးနဲ့ ပျမ်းကျင်းယွမ် မင်းတို့ဘာတွေပြောနေတာလဲ" ကျောင်းရန်ရုန်က ဆိုတော့သည်။ "လာ၊ စင်ပေါ်တက်ပြီး စကားပြော၊ မင်းတို့ပြောတာတွေ အားလုံး ကြားရအောင်။"

လုယွင်ဖေး: ...

လုယွင်ဖေး ကျောင်းရန်ရုန်ကို ရိုက်နှက်ချင်သည့် သူ့နှလုံးသားကို မထိန်းချုပ်နိုင်တော့သလို ခံစားရသည်။

ပျမ်းကျင်းယွမ်က သူပေါက်ကွဲတော့မည်ကို မြင်လိုက်ရသဖြင့် ညင်သာစွာ စကားဆိုသည်။ "စိတ်မဆိုးပါနဲ့"

ထို့နောက် သူက မတ်တတ်ထရပ်ကာ လပတ် စာမေးပွဲစာရွက်ကို ကောက်ယူရင်း စင်ပေါ်သို့ တက်သွားသည်။ လုယွင်ဖေးလည်း လိုက်သွားပြီး ကျောင်းရန်ရုန်ကို ရွဲ့ပြောတော့မည့်အချိန်မှာပင် သူ ပျမ်းကျင်းယွမ်စကားကို ကြားလိုက်ရသည်။ "အခုပဲ လုယွင်ဖေးက လပတ်စာမေးပွဲက မေးခွန်းတစ်ခုအကြောင်း မေးခဲ့တာပါ။ လူတိုင်း နားထောင်သင့်တယ်လို့ ဆရာမကျောင်းက ပြောတဲ့အတွက် အကုန်လုံး လပတ် စာမေးပွဲမေးခွန်းကို ထုတ်ကြပါ"

After I Possessed the Tmall Genie of the School Adonis(မြန်မာဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang