Chapter 17

2.6K 488 34
                                    


Teacher Bian, Let’s Add Each Other on WeChat

(Unicode)

ပျမ်းကျင်းယွမ် သူ့လက်ထဲကစာရွက်ပေါ်မှာ ရေးထားတဲ့အင်္ဂလိပ်စာလုံးတွေကို တစ်ချက်ကြည့်လိုက်ပြီး သက်တောင့်သက်သာမရှိသလိုမျက်နှာနဲ့ လုယွင်ဖေးကို ကြည့်လိုက်သည်။

လုယွင်ဖေးကပြန်ကြည့်လိုက်ပြီး ရှက်ရှက်နဲ့ပြောလိုက်သည်။

“ဘာလဲ။ ဒီနေ့က ပိတ်ရက်ပထမနေ့လေ”

“ပိတ်ရက်ပထမနေ့ကို အရင်ကကျက်ထားတဲ့စာလုံးထဲက ၈ လုံးတောင်မှားပြီးပြီ။ စာလုံးအသစ်တွေကိုက တစ်လုံးမှဘယ်လိုပေါင်းရမှန်းတောင် မသိဘူး”

“မနေ့က စာလုံးပေါင်းမှမကျက်တာ။ ပြီးတော့ စာလုံးအသစ်တွေကို မကြည့်ရသေးဘူး”

ပျမ်းကျင်းယွမ်က သူ့ကိုစိတ်ဆိုးသလိုကြည့်နေကာ လုယွင်ဖေးကလည်း သူ့ကိုသနားစဖွယ်ပြန်ကြည့်လိုက်သည်။

တိတ်ဆိတ်နေတဲ့ ပျမ်းနဲ့ မျက်ရည်ကျနေတဲ့ လု။

ပျမ်းကျင်းယွမ် သူ့ဘေးကမင်စိုအနက်ကို ကောက်ယူလိုက်ပြီး အမှတ်စခြစ်ဖို့ပြင်သည်။

သူ့ဖောင်တိန်က စာရွက်ကိုမထိခင်ပင် လုယွင်ဖေးထံမှ အမြန်ဆွဲလုခံလိုက်ရသည်။

“သက်ညှာပေးပါဉီး” လုယွင်ဖေး ကမန်းကတမ်းဆိုလိုက်သည်။

ပျမ်းကျင်းယွမ်က သူ့ကိုမော့ကြည့်လာသည်။

လုယွင်ဖေးပြုံးလိုက်ရင်း အခြားလက်တစ်ဖက်နဲ့ စာရွက်ကိုသူ့ဆီက တဖြည်းဖြည်းယူလိုက်သည်။

ပျမ်းကျင်းယွမ်က သူစာရွက်ကိုအနောက်မှာဖွက်ထားတာကို မြင်ပြီး မတတ်နိုင်စွာပြောလိုက်ရသည်။ “ခုမင်းလက်ကို လွှတ်လိုက်လို့ရပြီ”

လုယွင်ဖေး ပျမ်းကျင်းယွမ်ကိုဆုပ်ကိုင်ထားတာကို ချက်ချင်းလွှတ်လိုက်ကာ သူ့ကိုတောက်ပစွာပြုံးလိုက်သည်။

မတတ်နိုင်ပေ။ အရင်စာလုံးပေါင်းဖြေတိုင်း အမှတ်ပြည့်ရနေပြီဖြစ်သည့် လုယွင်ဖေးက သူယခုတစ်ခေါက်အမှတ်နည်းသည်ကို လက်မခံနိုင်ပေ။

“ဒီတစ်ခေါက်တော့ အမှတ်မခြစ်တော့ဘူး။ နောက်တစ်ခါမှ၊ နောက်တစ်ခေါက်စစ်မှ အမှတ်ခြစ်ပေးတော့”

After I Possessed the Tmall Genie of the School Adonis(မြန်မာဘာသာပြန်)Where stories live. Discover now