Chapter 76

1.6K 290 3
                                    


(Unicode)

I think we could give it a try

သူက နေရောင်အောက်တွင် တဖြည်းဖြည်းပွင့်လန်းလာသည့် သစ်ရွက်တစ်ရွက်လို နွေးထွေးစွာ သီဆိုနေခဲ့သည်။

ပျမ်းကျင်းယွမ်က နူးညံ့စွာ ဆက်လက်သီဆိုသည်...

“မင်းအတွက် ကိုယ် သီချင်းဆိုပြမယ်

ပန်းပွင့်တွေလို ငါတို့ငယ်ရွယ်ကြတုန်း

နှလုံးသားတို့ရဲ့အလိုအတိုင်း ပန်းတွေပွင့်ပါစေ

မင်းဘဝနဲ့ ငါ့အကိုင်းအခတ်တွေကိုလည်း တန်ဆာဆင်ပါစေ”

သူ့သီချင်းဆိုသံက သံစဉ်နှင့်အညီတက်လိုက်ကျလိုက်ရှိနေပြီး သူ့အရှေ့ရှိ လူကို တိတ်တဆိတ်ကြည့်ကာ သူ့မျက်လုံးများက ရှုပ်ထွေးမှုအရိပ်အယောင်မရှိဘဲ ကြည်လင်နေသည်။

သူ့လက်ချောင်းများကြားထဲတွင် ခပ်ဖွဖွပြေးလွှားနေသည့် သဲမှုန်စများလို လုယွင်ဖေး သူ့အကြည့်ကို ခံစားလိုက်ရသည်။

“မင်းနေရာကို ဘယ်သူယူနိုင်မှာလဲ

ငယ်ရွယ်တဲ့အချစ်ကို အခွင့်ကောင်းယူပြီး စိတ်ရှိတိုင်းသာ ချစ်လိုက်ပါ

ငါ့ရဲ့အချစ်ဆုံး၊ အချစ်ဆုံးအချစ်

ကြာရှည်ဦးမဲ့ ဒီခရီးမှာ အမြဲအတူရှိကြမှာ”

သံစဉ်ဆက်လက်ထွက်ပေါ်လာသည်နှင့်အမျှ လုယွင်ဖေး ခေါင်းငုံ့လိုက်မိသည်။ ထိုစာသားများက ရင်းနှီးကျွမ်းဝင်နေသလို အစိမ်းသက်သက်လည်း ခံစားရ၏။

“ကိုယ် မင်းကို သီချင်းဆိုပြမယ်

မင်းရဲ့အဖြူစင်ဆုံး အပြုံးလေးကို ကိုယ့်ကို ပေးပါ

ဒီလိုလှပပျော်ရွှင်တဲ့ နေ့ရက်လေးတွေကို ကိုယ်တို့ ပိုင်ဆိုင်ကြရအောင်”

သူ့သီဆိုသည့်အသံက အကိုင်းအခတ်များပေါ်ရှိ နှင်းများ (သို့မဟုတ်) နွေဦးအိပ်မက်များကို နှောင့်ယှက်မိမည်ကို စိုးသလို နားဝင်ချိုလှသည်။ လုယွင်ဖေး နားထောင်နေရင်း သူ့နှလုံးသားက တဖြည်းဖြည်း နူးညံ့လာသည်။

“ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ မင်းကို ချစ်ခွင့်ပေးပါ”

After I Possessed the Tmall Genie of the School Adonis(မြန်မာဘာသာပြန်)Where stories live. Discover now