Chapter 58

1.7K 391 6
                                    

Teacher Bian, Why Don’t You Let Me Stay Over Tonight?

(Unicode)

နှစ်သစ်ရောက်လာသောကြောင့် လျိုမို့က ဝန်ထမ်းများအားလုံးကို နှစ်ကုန်အပိုဆုအဖြစ် စာအိတ်နီတစ်လုံးစီ ပေးသည်။ သူ(မ)က ပျမ်းကျင်းယွမ်ကို အကြီးဆုံးစာအိတ်နီ _ ၆၆၆၆ ပေးခဲ့ကာ ဤပမာဏက သူ့ကို ပိုမိုကောင်းမွန်သည့် နှစ်သစ်တစ်ခုကို ပိုင်ဆိုင်စေရန် ကူညီပေးလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။

ပျမ်းကျင်းယွမ်က ဤပမာဏက များလွန်းကာ သူလည်း ဤမျှအထိ မထိုက်တန်ဟု တွေးမိသည်။ လျိုမို့က ရယ်နေတော့သည်။ “ရှောင်ပျမ်းက နောက်နှစ်လည်း လာအလုပ်လုပ်ရမယ်လေ။ မဟုတ်ရင် မိန်းကလေးတွေက မလာကြတော့ ငါတို့ စီးပွားပျက်မှာပေါ့”

ပျမ်းကျင်းယွမ်က ခေါင်းညိတ်လိုက်ရင်း ဆိုလိုက်သည်။ “ကျေးဇူးတင်ပါတယ်”

“ရပါတယ်”

အမေလုကလည်း သူ့ကို စာအိတ်တစ်လုံး ပေးလာသည်။ “နှစ်သစ်မှာ ပျော်ရွှင်ပါစေ ရှောင်ပျမ်း။ အလုပ်ကြိုးစားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မင်း ရှောင်ဖေးကို ဆက်သင်ပေးမယ်လို့ မျှော်လင့်တယ်”

“အန်တီက အရမ်းသဘောကောင်းလွန်းတယ်” ပျမ်းကျင်းယွမ်က ယဉ်ကျေးစွာ ပြန်ဆိုသည်။
လုယွင်ဖေးက စာအိတ်အနီကို သူ့အိတ်ထဲ ထိုးထည့်ပေးလာပြီး နှစ်သစ်လက်ဆောင်များလည်း ယူလာသည်။ “အိမ်မှာ စားဖို့ ဒါတွေယူသွားလိုက်ဦး။ ဒါက သူများတွေ ငါတို့အိမ်ကို လာပေးတာ။ ဒါပေမဲ့ ငါတို့ပဲ စားလို့မကုန်ဘူး။ ဒီအတိုင်းထားရင် မကောင်းဘဲ နေလိမ့်မယ်။ မင်း ယူသွားလို့ရတာပဲ။ ဝယ်စရာမလိုတော့ဘူးပေါ့”

ပျမ်းကျင်းယွမ် သူတို့ကို မငြင်းပယ်တော့ဘဲ နှုတ်ဆက်လိုက်၏။

အန်ကယ်လီက ရထားဘူတာနား လိုက်ပို့ပေးသည့်အခါ ပျမ်းကျင်းယွမ် အိတ်များကို အိမ်သယ်လာခဲ့သည်။ ပျမ်းကျဲက အိမ်တွင် မရှိ၊ ရွှမ်းရွှမ်းကလည်း သူငယ်ချင်းတစ်ယောက်၏ အိမ်တွင် ရောက်နေသောကြောင့် ပျမ်းကျင်းယွမ်လည်း လုပ်စရာမရှိပေ။ သူ့အိတ်ကို ဖွင့်လိုက်သည့်အခါ စာအိတ်နီကို တွေ့ရသည်။

After I Possessed the Tmall Genie of the School Adonis(မြန်မာဘာသာပြန်)Tahanan ng mga kuwento. Tumuklas ngayon