Chapter 9

2.6K 531 3
                                    


Don’t treat this small device like it’s not part of the family!

(Unicode)

လုယွင်ဖေး ထိုအကြောင်းကိုစိုးရိမ်နေစဉ်မှာပဲ မနက်ခင်းစာဖတ်ချိန်အတွက် ခေါင်းလောင်းမြည်လာသည်။ ကံကောင်းထောက်မစွာ ယနေ့မနက်ခင်းစာဖတ်ချိန်က ဘာသာစကားအတွက်ပင်။ ထို့ကြောင့် လုယွင်ဖေးလည်း အတန်းဖော်များနှင့်အတူ စိတ်အားထက်သန်စွာ ရွတ်ဆိုလိုက်သည်။

“ငါ့အအေးခွက်ကို ကိုင်ပြီး သီချင်းတစ်ပိုဒ်ဆိုလိုက်တယ်။ ဘဝကြီးက တိုတောင်းလား ရှည်လျားလားဆိုတာ ဘယ်သူသိနိုင်မလဲ။

လူတစ်ယောက်ရဲ့ဘဝဟာ မနက်ခင်းနှင်းရည်စက်လိုပဲ။ ကျော်လွန်ခဲ့တာတွေက များပြားလှပေမယ့် ရှေ့ဆက်ရမှာတွေက နည်းပါးလှတယ်။

ငါ့နှလုံးသားက ပေါ်ထွက်လာတဲ့ ဝမ်းနည်းပူဆွေးမှုတွေက ငါမမေ့ပျောက်နိုင်တဲ့ ဂရုစိုက်မှုတွေကပေါ်ထွက်လာတယ်။

ဒီဝမ်းနည်းမှုတွေကို ဘယ်သူ ဖြေဖျောက်ပေးနိုင်မလဲ။ ငါသိတဲ့လူကတော့ ဝိုင်နတ်ဘုရားသခင်ဆိုတဲ့ လူတစ်ယောက်တည်းပဲ။”

နာရီဝက်အကြာမှာ ဂန္တဝင်ကဗျာတွေကို ရွတ်ဆိုလို့ပြီးသွားပြီး လုယွင်ဖေးနဲ့ လီယွမ်ချင်းက တစ်ယောက်ပခုံးကို တစ်ယောက်ဖက်ရင်း မနက်ခင်းလေ့ကျင့်ခန်းလုပ်ကြသည့် နေရာကို ဉီးတည်သွားကြသည်။

လီယွမ်ချင်းက သူ့ကို မေးသည်။ “အားကစားခေါင်းဆောင် မင်းကိုလာမရှာဘူးလား။ ငါဒီမနက်အတန်းထဲဝင်လာတော့ အဲ့ဒီဝတုတ်က ငါ့ပေါင်ကိုဖက်လုနီးနီးပဲ။ ပြိုင်ပွဲတစ်ခုခုကို အတင်းစာရင်းသွင်းခိုင်းနေတာ။ ငါဆိုလန့်သွားပြီး Hulatang သောက်နေတာတောင် ထွေးထုတ်မိတော့မလို”

“အဲ့တော့ မင်းသွင်းလိုက်လား”

“ငါသွင်းလိုက်တယ်လေ။ ဝတုတ်က ငါ့ပေါင်ကိုမဖက်ဘူးဆိုရင်တောင် သူခါးကို ဖက်ထားတာ။ သူ့ရင်ခွင်ထဲ ငါညှပ်လုနီးပါးဖြစ်နေတာ။ စာရင်းမသွင်းဘဲ နေလို့ရပါ့မလား”

“ဘာအတွက်သွင်းလိုက်လဲ”

“မီတာ ၄ × ၁၀၀ အနှေး”

“အဲ့တစ်ခုတည်းလား”

“ဖေး အားကစားပွဲပြီးရင် ကျန်းလောင်နဲ့ ငါတို့ဘတ်စကတ်ဘောကစားဉီးမှာလေ။ အားအင်ချွေတာရမှာပေါ့”

After I Possessed the Tmall Genie of the School Adonis(မြန်မာဘာသာပြန်)Where stories live. Discover now