Chapter 46

1.9K 397 10
                                    


Bian JinYuan Chose to Hide Him away

(Unicode)

လုယွင်ဖေး သူ့ကိုစွေစောင်းကြည့်လိုက်ရင်း သူနှင့်ရန်မဖြစ်နေတော့ဟု တွေးလိုက်မိသည်။ သူ့အတွက်ပိုအခက်အခဲဖြစ်အောင် အင်္ဂလိပ်စာသုံးခိုင်းတဲ့လူက ဘယ်သူလဲ။ စကားနိုင်လုတာ မနိုင်တိုင်း အင်္ဂလိပ်သီချင်းတွေ ထဆိုခိုင်းတာကရော ဘယ်သူလဲ။ အဲ့တာမင်းလား၊ အတန်းဖော်ပျမ်း။
သူ့အိတ်ကိုဖွင့်ကာ အင်္ဂလိပ်စာစာရွက်ကို ယူထုတ်လိုက်သည်။ ထို့နောက် တစ်ခုခုကိုတွေးမိသွား၍ ထုတ်ပြောလိုက်သည်။ “လဲရအောင်”

“ဟမ်” ပျမ်းကျင်းယွမ် သူ့အတွေးများကို လိုက်မမီနိုင်ပေ။

လုယွင်ဖေးက ထပ်ပြောသည်။ “ငါတို့နှစ်ယောက်လုံးက ကိုယ့် Tmll genie ကိုမကြိုက်ကြဘူးလေ။ ငါတို့လဲလို့ရတာပဲ။ မင်းရဲ့ Tmall genie က အင်္ဂလိပ်လိုကောင်းကောင်းမပြောတတ်ဘူးလို့ မင်းပြောလိုက်တယ်မလား။ ငါ့ဟာက ပြောတတ်တယ်။ ဒီတော့ လဲကြရအောင်။ မင်းဘယ်လိုထင်လဲ”
ဒါက အလွန်အမင်းအရေးကြီးလှသည့် မေးခွန်းပင်။

ပျမ်းကျင်းယွမ် လုယွင်ဖေး၏ အပြုံးကိုကြည့်လိုက်ရင်း အန္တရာယ်အငွေ့အသက်ကို ခံစားရသည်။

“ထားလိုက်တော့”

“မဟုတ်ဘူး။ မင်းရဲ့ Tmall genie က အင်္ဂလိပ်စာတောင် နားမလည်ဘူး။ မတုံးလွန်းဘူးလား။ ငါ့ဟာက အင်္ဂလိပ်လိုပြောတတ်တယ်။ ငါတို့ Tmall genie ချင်းလဲရအောင်။ တစ်ခါတစ်ခါထဖောက်တာကလွဲလို့ ဘာမှပြောစရာမရှိဘူး။ မင်းငါ့ကိုမယုံရင် စမ်းကြည့်လို့ရတယ်။ ပိုပျော်စရာကောင်းမှာသေချာတယ်။ မင်း ဒီအိမ်ကိုယူလာခဲ့ပြီး စမ်းကြည့်ကြမယ်လေ။ မင်းကြိုက်ရင် ငါတို့လဲလို့ရတာပဲ”

ပျမ်းကျင်းယွမ်:…

လုယွင်ဖေးက ထိုတည်ငြိမ်လှသည့်အမူအရာကို ဆင်မြန်းထားဆဲပင်ဖြစ်ကာ ပျမ်းကျင်းယွမ် သူ့ကိုကြည့်လေလေ စိတ်မသက်မသာခံစားရလေပင်။

“အိမ်ကိုယူလာပြီး စမ်းကြည့်မယ်မလား” လုယွင်ဖေးက ဆက်တွန်းအားပေးနေသည်။

“မင်းရဲ့ Tmall genie ကိုအဲ့လောက်တောင် မကြိုက်ဘူးလား”
“အဲ့လိုတော့လည်းမဟုတ်ပါဘူး။ ငါ့ Tmall genie က ဆရာတွေ ပညာရေးတွေကို လေးစားတယ်။ စက်ကောင်းတစ်ခုပဲ။ ဆရာပျမ်းစမ်းသုံးကြည့်သင့်တယ်”

After I Possessed the Tmall Genie of the School Adonis(မြန်မာဘာသာပြန်)Waar verhalen tot leven komen. Ontdek het nu