Chapter 51

1.9K 444 13
                                    

Bian Jian Yuan Smiled and Winked at Him

(Unicode)

လုယွင်ဖေး မှားယွင်းစွပ်စွဲခံရပြီး ပြန်စစ်သည့်အခါ ၁၀၁ မှတ် ရကာ၊ ကျောင်းရန်ရုန် သူ့ကို ပြန်တောင်းပန်ရသည့် အကြောင်းက တစ်ကျောင်းလုံးကို ပျံ့နှံ့သွားသည်။ သူ့ကို ယုံကြည့်ခဲ့သည့် လူများက ဆွေးနွေးခဲ့ကြသည့် thread များသို့သွားကာ “လုယွင်ဖေး ခိုးချတယ်လို့ အာကျယ်ခဲ့ကြတဲ့လူတွေက အခုဘယ်ရောက်သွားကြတာလဲ။ အခုကျ မျက်နှာမပြရဲတော့ဘူးလား”

လုယွင်ဖေးကို တကယ်မုန်းသည့်လူများကလည်း ထိုလူများကို ပြန်ရေးသည်။ “တကယ် ၁၀၁ မှတ်ရခဲ့လားဆိုတာ ဘယ်သိမှာလဲ။ သူ့ကို အလျော့ပေးလိုက်တာ ဖြစ်မှာပေါ့”

“ဌာနမှူးက အလျော့ပေးမယ်တဲ့လား။ ဌာနမှူးကို နင့်အပေါ် သက်သာပေးဖို့ ငါ ၁၀၀ ပေးလိုက်မယ်”

တစ်ဖက်လူက ပြန်ဆိုသည်။ “ကျစ်၊ ငါက ဘယ်လို လုယွင်ဖေးနဲ့ ယှဉ်လို့ရမလဲ။ လုယွင်ဖေးရဲ့ မိသားစုအခြေအနေကို အရင်ကြည့်ပါဦး၊ ငါက ဘယ်လို ပြိုင်နိုင်မလဲ”

“လုယွင်ဖေးရဲ့မိသားစုက အဲ့ဒီလောက်အခြေတောင့်ရင် ဒီလိုကောလာဟလတွေကို ပျံ့အောင်လုပ်ပါ့မလား။ သောက်ပေါ”

“တိုက်ခိုက်နေတဲ့လူတွေ ထွက်သွားလို့ရမလား။ စိတ်အနှောင့်အယှက်တော်တော်ပေးတဲ့ ဟာတွေ။ ငါတော့ လုယွင်ဖေး ကျောင်းရန်ရုန် မျက်နှာကို ပိတ်ရိုက်လိုက်တာ စိတ်ကို ပေါ့သွားတာပဲ။ ကျောင်းရန်ရုန်က စာသင်တဲ့နေရာမှာ ဒီလောက်ဆိုးတာတောင် ကျူရှင်ကြေးတွေ ဒီလောက်မြှင့်ထားတာ မသိကြဘူးလား။ အင်္ဂလိပ်ဆရာမဖြစ်နေလို့သာ၊ မဟုတ်ရင် ဘယ်သူက သူ့အတန်းကို တက်ချင်မှာလဲ။”

“ဒါနဲ့ ကျောင်းရန်ရုန်က အင်္ဂလိပ်စာခေါင်းဆောင်နော်”

“ဟား၊ တစ်ယောက်ယောက်က သူ့ကို နောက်ကထောက်ပံ့နေလို့ ဖြစ်မှာပေါ့။ ဒီလောက် သင်ကြားရေးညံ့တာ အနားယူသင့်တာကြာပြီ။ ဆရာမကျောက်က သူ့ထက် အများကြီး ပိုတော်တယ်”

“ရပ်သင့်ပြီနော်။ Moderators တွေက ဒီ thread ကို သိပ်မကြာခင် ဖျက်ကြလိမ့်မယ်”

ထို့အခါ အားလုံးက ထိုစကားစကို သတ်လိုက်ကြပြီး စကားခေါင်းစဉ် ပြောင်းလိုက်ကြသည်။

After I Possessed the Tmall Genie of the School Adonis(မြန်မာဘာသာပြန်)Where stories live. Discover now