Chapter 47

1.7K 389 6
                                    

Lu YunFei hugged Bian JinYuan Tightly

(Unicode)

ပျမ်းကျင်းယွမ်က သူ့ကို ခေါင်းမော့ကြည့်သည်။ "မဟုတ်ဘူးလား"

"ဒါကို မင်းက သာမန်အမှတ်လို့ ခေါ်တယ်ပေါ့" လုယွင်ဖေး စာရွက်ပေါ်က အမှတ် ၁၅၀ ကို လက်ညှိုးထိုးပြလိုက်သည်။ "ဒါသာ သာမန်ဆိုရင် ကျန်တဲ့လူတွေက အောင်မှာတောင် မဟုတ်ဘူး"

ပျမ်းကျင်းယွမ်က တည်ငြိမ်အေးဆေးလှသည်။ "ငါ့သာမန်အမှတ်က ဒီလောက်ပဲ"

နားထောင်ကြည့်။ ဒါကို နားထောင်ကြည့်စမ်းပါ။ ဒါက လူစကားတွေလား။

လုယွင်ဖေး သူ့ထိုင်ခုံဖော်ကို ကြည့်ရင်း ရိုးသားစွာမေးလိုက်သည်။ "ဒါဆိုရင် မင်းက ဘယ်လောက်အမှတ်ရအောင် လုပ်မလို့လဲ။ အမှတ်ပိုအနေနဲ့ နောက်အမှတ် ၂၀ ထက်ယူဉီးမလို့လား"
ပျမ်းကျင်းယွမ်က ပြုံးလိုက်ပြီး သူ့စာရွက်ကို အဝေးကို ပို့လိုက်သည်။ "မင်း အိမ်စာ မလုပ်ဘူးလား"

လုယွင်ဖေးက ကျစ်ခနဲအသံပြုကာ ညည်းတွားသည်။ "ပျမ်းကျင်းယွမ် မင်းက နှိမ့်ချလွန်းတယ်။ စာမေးပွဲမှာ ကောင်းကောင်းမလုပ်နိုင်ဘူးဆိုပြီး လိုင်းပေါ်မှာတင်တဲ့ အမှတ်အများဆုံးရတဲ့ ကျောင်းသားနဲ့ တူနေတယ်။ ဒါပေမဲ့ အမှတ်လည်းထွက်လာရော သူတို့က အမှတ်အများဆုံးဖြစ်နေတယ်"

"ငါက သာမန်ပဲလို့ပြောတာ။ စာမေးပွဲကို မဖြေနိုင်ဘူးလို့ မပြောဘူး"

"ဘာကွာလို့လဲ" လုယွင်ဖေး သူ့ခုံစောင်းအရှေ့နားကို တိုးလိုက်သည်။ "ဒါပေမဲ့ မင်းအမှတ်တွေ မကျသွားလို့ တော်သေးတာပေါ့။ မဟုတ်ရင် မင်းကို ငါ့ဂိုက်လုပ်ခိုင်းဖို့ အဆင်ပြေမှာမဟုတ်ဘူး"

ထိုသည်ကို ကြားသည့်အခါ ပျမ်းကျင်းယွမ်ဖောင်တိန်က ရပ်တန့်သွားပြီး သူ့ကို ကြည့်လာသည်။ "ငါ မင်းရဲ့ဂိုက်အဖြစ် သုံးရက်ပဲ လုပ်ရသေးတယ်။ အခု မင်းက ဖြုတ်ပစ်ဖို့ လုပ်နေပြီ။ ငါ့ကို မင်းရဲ့ဂိုက်လုပ်စေချင်တုန်းကတော့ မင်းက ငါ့ကို အတင်းလုပ်ခိုင်းပြီးတော့ အခု ငါက မင်းလက်ထဲရောက်သွားတော့ တန်ဖိုးမထားတော့ဘူးလား"

လုယွင်ဖေး: ?? လက်ထဲရောက်သွားတာနဲ့ တန်ဖိုးမထားတော့ဘူးဆိုတာ မင်းက ဘာကိုဆိုလိုတာလဲ။ ဒီစကားက ဟိုမရောက်သည်မရောက် ဖြစ်နေတယ်မဟုတ်ဘူးလား။

After I Possessed the Tmall Genie of the School Adonis(မြန်မာဘာသာပြန်)Where stories live. Discover now