Chapter 55

1.7K 416 10
                                    


Record Scores from Class One and Furious Parents

(Unicode)

 ကျန်အတန်းဖော်များက ဟားကြတော့သည်။ ကံချေးငှားချင်လိုသည့် အတန်းဖော်များက စိတ်ဆိုးဟန်ပြုကြသည်။ “မင်းက ဘက်လိုက်တာပဲ။ အကုန်လုံးက အတန်းတစ်ကပဲကို။ ဘာလို့ လုယွင်ဖေးကိုပဲ မင်းရဲ့ကံကို ချေးပေးတာလဲ”

“ငါက ချောလို့” လုယွင်ဖေးက သူ့လက်ကို လွှတ်လိုက်ရင်း ရယ်မောစွာ ပြောလိုက်သည်။

“ငါကရော မချောဘူးလား” ထိုအတန်းဖော်က မေးလာသည်။

“မဟုတ်လို့ပေါ့”

လူတိုင်းက ရယ်နေကြကာ ထိုအတန်းဖော်ကလည်း ဤရလဒ်ကို လက်ခံရန်က လွဲပြီး အခြားနည်းလမ်း မရှိတော့ပေ။ ပျမ်းကျင်းယွမ်က စာမေးပွဲခန်းစောင့်မည့် ဆရာက အတန်းထဲ ဝင်လာသည်ကို မြင်၍ လုယွင်ဖေးကို လှမ်းသတိပေးသည်။

“သွားစို့၊ စာမေးပွဲစတော့မယ်”

လုယွင်ဖေးက “အိုး” ခနဲ အသံပြုလိုက်ပြီး စာမေးပွဲစတော့မည့်အချိန်ကို စောင့်ရင်း သူ့ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

နေ့လယ် ၂ ချက်ထိုးတွင် စာမေးပွဲစတင်ရန် ခေါင်းလောင်းသံ မြည်လာကာ စာမေးပွဲစောင့်မှ စာရွက်များကို စဝေပေးသည်။ လုယွင်ဖေး အင်္ဂလိပ်စာမေးခွန်းကို တစ်ချက် ကြည့်လိုက်ရင်း ရယ်သာရယ်နိုင်တော့သည်။ ဤမေးခွန်းစာရွက်က ပျမ်းကျင်းယွမ် ပြင်ဆင်ပေးထားသည့် စာရွက်များနှင့် အတိအကျ မတူသော်လည်း အကြောင်းအရာများက အတူတူပင်။ ထိုအက်ဆေးများနှင့် သူ လှည့်ပတ်ပြီး ချိတ်ဆက်ရေးနိုင်သည်။ မည်သို့ ချိတ်ဆက်ရေးရမည်က သူ အထူးလေ့ကျင့်ထားသည့် နေရာပင်။

ပုံမှန်အတိုင်း လုယွင်ဖေး စာလုံးပေါင်းသတ်ပုံနှင့် အက်ဆေးကို အရင်ဖြေပြီးမှ ကွက်လပ်ဖြည့်အပိုင်းကို စတင်လိုက်သည်။ ဤအချိန်တွင် ပျမ်းကျင်းယွမ်က စာမေးပွဲအဖြေလွှာကို စောစောမအပ်ဘဲ ခေါင်းလောင်းထိုး၍ ဆရာမ စာရွက်လိုက်သိမ်းသည်အထိ စောင့်နေပြီးမှ လုယွင်ဖေးနှင့်အတူ အတန်းထဲက ထွက်လာသည်။

“အခြေအနေ ဘယ်လိုလဲ” သူက မေးသည်။

“အဆင်ပြေပါတယ်” လုယွင်ဖေးက အမှန်အတိုင်း ဖြေလိုက်သည်။ “မင်း ပြောပြထားတဲ့ အချက်တွေအကုန် ငါ မှတ်မိတယ်။ မင်းက ဘယ်လို မေးခွန်းအတူတူကို ခန့်မှန်းနိုင်တာလဲ။ ဟားဟားဟား ပျမ်းပျမ်း မင်းကတော့ တကယ့်ကောင်ပဲ”

After I Possessed the Tmall Genie of the School Adonis(မြန်မာဘာသာပြန်)Tahanan ng mga kuwento. Tumuklas ngayon