Chapter 26

2.3K 448 1
                                    

Bian JinYuan: Come find me

(Unicode)

အင်္ဂလိပ်စာစာလုံးပေါင်းသတ်ပုံစစ်ချိန်က မနက်ခင်းစာဖတ်ချိန်၏ မိနစ်နှစ်ဆယ်လောက် အချိန်ယူသွားသည်။ ကျန်သည့်အချိန်ဆယ်မိနစ်တွင် အင်္ဂလိပ်စာဖတ်ရသည်။

ထိုအချိန်တွင် လုယွင်ဖေးသည် ပျမ်းကျင်းယွမ် သူ့ကိုသေချာပြင်ဆင်ပေးထားသည့် grammar ကိုကြည့်လိုက်မိကာ ပျမ်းကျင်းယွမ်က သူ့ကိုစုံလင်အောင် ပြင်ဆင်ပေးထားသည်ကို တွေ့ရသည်။ သဒ္ဒါဝါကျဖွဲ့စည်းပုံတိုင်းကို နားလည်အောင်ရှင်းပြပေးထားကာ ဉပမာများပင်ထည့်ထားသေးသည်။ စာမေးပွဲတွင် ပါတတ်သည်များကိုလည်း မှတ်သားပေးထားသည်။

လုယွင်ဖေးက ထိုသူသူ့အတွက် မိုးချုပ်သည်အထိ grammar ကိုသေချာပြင်ဆင်ပေးခဲ့သည်ကို ပြန်စဉ်းစားမိရင်း သူ့နှလုံးသားက ပျော့ပျောင်းလာရသည်။

"ငါမင်းကို ထမင်းဝယ်ကျွေးမယ်" အခြားသူများက စာကိုအသံထွက်ဖတ်နေစဉ် သူတီးတိုးပြောလိုက်သည်။

ပျမ်းကျင်းယွမ်ကလည်း စာဖတ်မနေပေ။ ထိုအစား သူက သင်ရိုးညွှန်းတမ်းက အင်္ဂလိပ်စာစာတမ်းများကို လုပ်နေသည်။ ထိုစကားကိုကြားသည့်အခါ သူက လုယွင်ဖေးဘက် လှည့်လိုက်ကာ ဆိုလိုက်သည်။ "မလိုပါဘူး"

"ဒီလိုမလုပ်နဲ့လေ။ အချိန်အကြာကြီးယူမှာလည်း မဟုတ်ဘူး။ ဒီအတိုင်း..."

လုယွင်ဖေး "ဒီအတိုင်း..."ဆိုသည့်နေရာတွင် ရပ်တန့်သွားရသည်။ သူဘယ်လိုပဲစည်းရုံးနိုင်ပါစေ ပျမ်းကျင်းယွမ်က နေ့လည်ရောညတွင်ပင် အချိန်ပိုင်းအလုပ်သွားရမည်ဖြစ်၍ သူထိုသူ့ကိုဘယ်အချိန်တွင် ဝယ်ကျွေးလို့ရနိုင်မလဲ။ ထို့အပြင် သူကလည်း အချိန်အများကြီးမယူဘူးဟု ပြောမိသွားသေးသည်။

ပျမ်းကျင်းယွမ်က သူတွေးဆနေသည်ကိုမြင်ပြီး စိတ်ဝင်တစားမေးလိုက်သည်။ "ဒီအတိုင်း ဘာဖြစ်လဲ"

လုယွင်ဖေး သူ့စကားကိုကြားကာ ချက်ချင်း သူ့လက်ဖဝါးနှင့် စားပွဲကိုရိုက်ချလိုက်သည်။_ ဒါပေါ့၊ သူခပ်ဖြည်းဖြည်းသာ ရိုက်လိုက်ခြင်းပင်။ "ဒီအတိုင်း မနက်စာပဲကျွေးမှာကို။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မနက်ဖြန်ကစပြီး လီယွီချင်းကိုမနက်စာယူလာပေးရမှာဆိုတော့ ငါ မင်းအတွက်လည်းယူလာခဲ့မယ်"

After I Possessed the Tmall Genie of the School Adonis(မြန်မာဘာသာပြန်)حيث تعيش القصص. اكتشف الآن