Chapter 43

1.7K 404 7
                                    


Monthly exam

(Unicode)

သူ(မ)ဂိုက်သင်ရတဲ့ကျောင်းသားတွေက အချင်းချင်းစကားစမြည်ပြောကြသည့်အခါ ထိုကိစ္စကပေါ်လာခဲ့သည်။ ကျန်းရန်ရုန်၏သာမန်ကျောင်းသားမိဘများထံယူသည့်နှုန်းထားက ပုံမှန်ပင်။ သို့သော်လည်း ငွေကြေးရေးအခက်အခဲမရှိသည့်မိသားစုများမှ လာသည့်ကျောင်းသားများအတွက်မူ အဆအနည်းငယ်ကွာဟသွားသည်။

လုယွင်ဖေး ထိုအကြောင်း ကြားခဲ့မိစဉ်က အံ့ဩခဲ့ရသေးသည်။ သူနားမလည်မိသော်လည်း သူနှင့်မဆိုင်သည့်ကိစ္စဖြစ်သောကြောင့် ထိုကိစ္စကို အရေးမလုပ်ခဲ့မိ။ သူဒီနေ့ထိုကိစ္စကို ကြုံရမည်ဟု မည်သူထင်မည်နည်း။

ထင်ထားသည့်အတိုင်းပင် ကျန်းရန်ရုန်၏ နောက်စကားများမှာ…”ဂိုက်ဆရာရှာတဲ့အခါမှာ ကျောင်းမှာစာသင်တဲ့ဆရာတွေထဲကရှာတာ အကောင်းဆုံးပဲ။ ဆရာမတို့က သင်ထောက်ကူပစ္စည်းတွေကို နေ့တိုင်းမြင်ရပြီး အစမ်းစာမေးပွဲတွေကိုလည်း စစ်ရတော့ မေးခွန်းထုတ်တဲ့သူရဲ့စိတ်ကိုလည်း ပိုနားလည်နိုင်တယ်။ ဆရာမရဲ့ အတန်းပြီးရင်သင်တဲ့အခါမှာ ကျောင်းသားတွေက အမှတ်တက်ဖို့မေးခွန်းတွေကို ဖြေရတယ်။ အခုမင်းလည်း ဒုတိယနှစ်ရောက်နေပြီဆိုတော့ စာကြိုးစားတော့ဖို့ အချိန်ရောက်ပြီ။ အပြင်ဂိုက်တွေခေါ်ပြီး အချိန်ဖြုန်းနေမဲ့အစား ငါနဲ့သင်ဖို့စဉ်းစားကြည့်ပါလား။ မင်းရဲ့အင်္ဂလိပ်စာဆရာမလည်းဖြစ်တော့ မင်းအခြေခံမလိုက်နိုင်တဲ့နေရာတွေကို ပိုနားလည်နိုင်ပြီး ဘယ်လိုပြင်ပေးရမလဲဆိုတာ ပိုသိမယ်လို့ မထင်ဘူးလား။”

လုယွင်ဖေး ပြုံးလိုက်သည်။ “ဒါဆိုရင် ဆရာမက တစ်ယောက်ချင်းစီသင်ပေးတာလား”
“အဲ့ဒီအတွက်တော့ စိတ်မကောင်းပါဘူး။ ကျောင်းပြန်ရင် အချိန်သိပ်မရှိတော့တော့ တစ်ယောက်ချင်းစီအတွက်တော့ မသင်ပေးနိုင်ဘူး။ ဒါပေမဲ့ လူကသိပ်မရှိပါဘူး။ ဒါပေမဲ့ ငါမင်းကို ပိုအာရုံစိုက်နိုင်လိမ့်မယ်”

လုယွင်ဖေး ခေါင်းညိတ်ပြလိုက်သည်။ “ဆရာမက တစ်ယောက်ကို ဘယ်လောက်ယူတာလဲ”

ကျန်းရန်ရုန်က ပြုံးပြသည်။ “သိတဲ့အတိုင်း မင်းရဲ့အခုအခြေအနေက သိပ်မကောင်းဘူး။ ငါ့အတွက် မင်းကိုဂိုက်ပြပေးရတာ ပိုခက်ခဲလိမ့်မယ်။ ဒါကြောင့် နည်းနည်းဈေးပိုယူရလိမ့်မယ်။ မင်းအတွက်တော့ ဈေးသိပ်ကြီးမှာမဟုတ်ပါဘူး။ တစ်ချိန်ကို ၈၀၀။ အဆင်မပြေဘူးလား”

After I Possessed the Tmall Genie of the School Adonis(မြန်မာဘာသာပြန်)Where stories live. Discover now