Chapter 68

1.6K 339 10
                                    


(

Unicode)

If I don't like him, you won't be able his friend anymore?

"ရှောင်ယွမ်၊ ဒီစကားကို မှတ်ထား။ သားကို မလိုတဲ့ လူတွေဆီ သွားဖို့ မလိုဘူး။ ကိုယ့်ကို လိုအပ်တဲ့ လူတွေကိုပဲ သားလိုတာ။ သူတို့ဘဝထဲမှာ မင်းကို မလိုတဲ့ လူတွေက သားဆီမှာ မရှိလည်းရတယ်"

ပျမ်းကျင်းယွမ်က 'လိုတယ်' ဆိုသည့် စကားကို ထပ်ကာထပ်ကာ ပြောခဲ့မှုကြောင့် နားမလည်သလို ကြည့်လိုက်မိပြီး နာခံစွာပင် ခေါင်းကို နာခံစွာပင် ခေါင်းညိတ်လိုက်၏။ သူ ပျမ်းထင်းကို အနာဂတ်တွင် ဤမေးခွန်း မမေးမိတော့ဘဲ သူ့တွင် အမေသာ ရှိသည်ဆိုသည့် အချက်ကို အသားကျသွားခဲ့သည်။ ထိုသို့ဖြင့် သူ့အဖေက သူမလိုအပ်သည့် လူတစ်ယောက် ဖြစ်လာခဲ့၏။

ပျမ်းကျင်းယွမ် လူလားမြောက်လာသည့် ကာလတစ်လျှောက်လုံးကလည်း ဖခင်ဖြစ်သူနှင့် သက်ဆိုင်ခြင်း မရှိခဲ့ချေ။ ထိုသို့သော အခြေအနေမျိုးအောက်တွင် အဖေဆိုသည့် အခန်းကဏ္ဍက သူ့အတွက် မလိုအပ်ဟု ခံစားခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင် သူ့အမေ၏ အချစ်ကို လက်ခံရရှိခဲ့သည့် ဖခင်ဖြစ်သူက မည်သို့သော လူမျိုး ဖြစ်သည်ကို သိချင်မိသွားသည်။

ထိုသိချင်စိတ်က ဖခင်ဖြစ်သူနှင့် မသက်ဆိုင်ဘဲ အမေဖြစ်သူအပေါ် ခံစားရသည့် ချစ်ခင်တွယ်တာမှုကြောင့် ပေါ်လာခဲ့ခြင်းပင်။

ပျမ်းကျဲက ရွှမ်းရွှမ်းကို ခေါ်ကာ သူဆုတောင်း၍ ပြီးသည်ကို စောင့်နေခဲ့သည်။ လွန်ခဲ့သည့် နှစ်အတွင်းက ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို သူက ပြောပြခဲ့ကာ ရွှမ်းရွှမ်း ပေးခဲ့သည့် ပန်းပွင့်များကို အုတ်ဂူဘေးတွင် ချပေးလိုက်သည်။ ထို့သို့ ပြုပြီးသည့်အခါ သူက ဦးဆောင်ပြီး ပျမ်းကျင်းယွမ်နှင့် ရွှမ်းရွှမ်းကို တောင်အောက်သို့ ခေါ်သွားခဲ့သည်။

လုယွင်ဖေး ပြက္ခဒိန်ကို ကြည့်လိုက်မိရင်း ပျမ်းကျင်းယွမ်အမေ၏ နှစ်ပတ်လည်နေ့ ဖြစ်ရာ ပျမ်းကျင်းယွမ်ကို တစ်ခုခု ပြောသင့်သည်လားဟု စဉ်းစားကြည့်မိသည်။

ဒါပေမဲ့ သူက ဘာပြောနိုင်မှာလဲ။

သူ ခဏလောက် တွေးကြည့်ပြီးသော်လည်း မည်သည့်အတွေးကမှ မသင့်တော်ပေ။ နောက်ဆုံးတွင် သူ ရိုးရိုးရှင်းရှင်း မေးကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။

After I Possessed the Tmall Genie of the School Adonis(မြန်မာဘာသာပြန်)Where stories live. Discover now