Chapter 10

2.7K 518 1
                                    

Gathering People for Betting, Reported for Gambling

(Unicode)

လုယွင်ဖေးနောက်နေ့ Tmall genie ထဲ နိုးလာသည့်အခါ ရွှမ်းရွှမ်းက သူ့ရှေ့တွင် ထိုင်နေပြီး ပုံပြင်တစ်ပုဒ်ပြောခိုင်းနေသည်ကိုတွေ့ရသည်။

လုယွင်ဖေးခဏစဉ်းစားလိုက်ပြီး ဘူးသီးညီအစ်ကို ဝတ္ထုကိုစပြောလိုက်သည်။ ညီအစ်ကိုခုနစ်ယောက်ရှိသောကြောင့် ရက်အနည်းငယ်ပင်ပြောလို့ရသည်။

ပျမ်းကျင်းယွမ်က သူတို့ဘေးတွင် အိမ်စာထိုင်လုပ်နေသည်။ ပျမ်းကျဲရောက်လာသည့်အခါ သူက သူ(မ)ကိုပြောလိုက်သည်။ “တီလေး မနက်ဖြန်ကျရင် မနက်စောစောသွားမှာမလို့။ ကျွန်တော့်အတွက် မနက်စာမပြင်ထားနဲ့တော့။ Baozi ပဲနွေးစားလိုက်တော့မယ်”

“ဘာလို့ရုတ်တရက်ကြီး မနက်စောစောသွားတာလဲ” ပျမ်းကျဲကမေးလိုက်သည်။

“အားကစားပွဲက သိပ်မကြာခင်စတော့မယ်။ ကျွန်တော်ပွဲတစ်ခုအတွက် စာရင်းပေးထားတယ်။ အဲ့ဒီအတွက် လေ့ကျင့်ရမှာမလို့”

“နားလည်ပြီ” ပျမ်းကျဲက ဆိုလိုက်တယ်။ “အဲ့ဒါဆိုသေချာလေ့ကျင့်ပြီး ဆုရအောင်ယူ”

“စိတ်မပူပါနဲ့။ ကျွန်တော်နိုင်ရင် ဆုရလိမ့်မယ်”

“ကောင်းတာပေါ့” ပျမ်းကျဲက ပျော်နေသည့်ပုံပင်။ “အဲ့ဒါဆိုကံကောင်းပါစေ။ တီလေး မင်းကို အားပေးမှာပေါ့”

လုယွင်ဖေးထိုအကြောင်းကို ကြားကာ သူမနက်ဖြန် ဘတ်စကတ်ဘောသွားကစားမည်ဟု ခန့်မှန်းမိသည်။ အတည်ပေါက်ကြီးလုပ်နေတာပဲ။ လုယွင်ဖေးတွေးလိုက်သည်။ လေ့ကျင့်မယ်ဆိုတော့ အတော်လုံ့လဝီရိယစိုက်တာပင်။

နောက်နေ့မနက်ခင်းမှာ လုယွင်ဖေး နာရီသတိပေးစက်သံကြောင့်နိုးလာပြီး အိပ်ရာကအမြန်ထလိုက်သည်။ သူ ပျမ်းကျင်းယွမ် ကျောင်းတွင်ဘတ်စကတ်ဘော‌လေ့ကျင့်မည့်အကြောင်း တွေးနေသည်ကို မရပ်တန့်နိုင်ဘဲဖြစ်ကာ ထိုသူ၏ အစွမ်းအစကို သိချင်မိသည်။ ထို့ကြောင့် ကားထဲဝင်ဝင်ချင်း ကားသမားကို ပြောလိုက်သည်။ “အန်ကယ်လီ မြန်မြန်မောင်းပေးပါ။ ဒီနေ့လုပ်စရာလေးတစ်ခုရှိလို့”

After I Possessed the Tmall Genie of the School Adonis(မြန်မာဘာသာပြန်)Onde as histórias ganham vida. Descobre agora