Chapter 3

3.5K 565 17
                                    


I turned into a Tmall Genie?!

(Unicode)

နေ့လယ်ဒုတိယချိန်အပြီးတွင် ပျမ်းကျင်းယွမ်ကို ဆရာမခေါ်တွေ့သည်ကို လုယွင်ဖေးသတိထားမိသည်။ သူပြန်ရောက်လာသည့်အခါ သူ့ထိုင်ခုံဆီသူပြန်မသွားဘဲ လုယွင်ဖေးခုံနားလျှောက်လာကာ သူ့နာမည်ကိုခေါ်လိုက်သည်။

“လုယွင်ဖေး”

လုယွင်ဖေးသူ့ကို မော့ကြည့်လိုက်တယ်။ ထိုင်ခုံနေရာပြောင်းမည့်အကြောင်း လာပြောသည်ဟု ခန့်မှန်းမိသော်လည်း “အင်း ဘာလို့လဲ” ဟုသာ မေးလိုက်သည်။

“ဆရာမလီက မင်းနဲ့ငါ့ကို အတူတူထိုင်စေချင်တယ်”

“အိုး” လုယွင်ဖေးအလေးသိပ်မထားဘဲ ပြန်ပြောလိုက်သည်။ “မင်းသဘောတူလိုက်လား”

“အင်း” ပျမ်းကျင်းယွမ်က ဖြေလိုက်တယ်။ “မင်း ရွေ့လာမှာလား ဒါမှမဟုတ် ငါပြောင်းလာရမလား”

လုယွင်ဖေးနှင့် ပျမ်းကျင်ယွမ်တို့တက်သည့် အထက်တန်းကျောင်းမှာ အခြားကျောင်းများနှင့် ကွာခြားသည်။ Yi အထက်တန်းကျောင်းက စာသင်ခန်းများက အဆင့်လိုက်တည်ဆောက်ထားခြင်း ဖြစ်သည်။ အတန်းတိုင်းတွင် ခုံစောင်း ၂၈ နေရာချထားကာ တစ်တန်းတွင် လေးခုဖြင့် ခုနစ်ဆင့် စီစဉ်ထားရှိသည်။ ပထမဆုံးတန်းမှ နောက်ဆုံးတန်းရှိကျောင်းသားများအထိ စာသင်ပုန်းကို သေချာမြင်ရစေရန် အဆင့်တစ်ခုက နောက်တစ်ခုထက် ၀.၁၂ မီတာပိုမြှင့်ထားသည်။ ထိုမှသာ ကျောင်းသားများ ထိုင်ခုံပြောင်းထိုင်သောအခါ မိမိတို့အရပ်အတွက် စိတ်မပူရစေရန်ဖြစ်သည်။

လုယွင်းဖေက ပျမ်းကျင်းယွမ် လွယ်လွယ်နှင့် သဘောတူလိမ့်မည်ဟု ထင်မထားမိချေ။ ထိုသူက ဆရာမ၏တောင်းဆိုချက်အတိုင်း ထိုင်ခုံပြောင်းခြင်းကို သဘောတူသည့်အပြင် သူကိုယ်တိုင်ပင် ပြောင်းပေးမည်ဟု စပြောသေးသည်။ သို့သော်လည်း သူက ပျမ်းကျင်းယွမ်ကို ပြောင်းခိုင်းသည်အထိတော့ အရှက်မမဲ့ပေ။ “ငါပဲ ရွေ့လိုက်မယ်။ မင်းရဲ့ထိုင်ခုံဖော်ကို ပြောထားလိုက်လေ။ မနက်ဖြန်မနက် ပြောင်းရအောင်”

“အိုကေ” ဟု ပျမ်းကျင်းယွမ် ပြောပြီး သူ့ထိုင်ခုံဆီ ပြန်သွားသည်။

After I Possessed the Tmall Genie of the School Adonis(မြန်မာဘာသာပြန်)Where stories live. Discover now