Chapter 16

2.5K 519 5
                                    


Bian JinYuan Said Gently: “Behave”.

(Unicode)

“မရဘူး” ပျမ်းကျင်းယွမ်က ဆိုသည်။

“အဲ့ဒါဆိုးတာပဲ”

သူစကားပြောလို့ပြီးချိန်မှာပင် ခပ်အုပ်အုပ်ရယ်သံကြားလိုက်ရသည်။ လုယွင်ဖေး သူ့ကိုရယ်နေသည့် လျိုမို့ကိုလှည့်ကြည့်လိုက်သည်။ လျိုမို့က သာမန်ပုံပေါ်သော်လည်း ရယ်လိုက်သည့်အခါ ရင်းနှီးဖော်ရွေကာ ဆွဲဆောင်မှုရှိလှသည်။

သူကြည့်နေသည်ကိုမြင်သည့်အခါ လျိုမို့ကရယ်ချင်သည်ကို ထိန်းချုပ်လိုက်ကာ တည်တည်တံ့တံ့ပြောလိုက်သည်။ “ခုနကတွက် ကျေးဇူးတင်ပါတယ်။ ပြီးတော့ မင်းရော” သူ(မ)က ဝမ်းမင်ယိကိုကြည့်လိုက်သည်။

သူက chuunibyou (1) ဖြစ်သောကြောင့် သူစိမ်းများထံက ကျေးဇူးအတင်မခံလိုချေ။ ထို့ကြောင့် “ကူညီပေးတာမဟုတ်ပါဘူး။ ခုနက လုယွင်ဖေးရဲ့ထောင်ချောက်ထဲကျသွားလို့”

လုယွင်ဖေးက သူ့ကိုသေချာသိသောကြောင့် ပြန်ပြောလိုက်သည်။ “ဟုတ်ပါပြီ ဟုတ်ပါပြီ။ မင်းကဘယ်တော့မှကောင်းတာမလုပ်ဘူး။ ဒါပေမဲ့ လုပ်တဲ့အခါကျရင်လည်း လူမသိအောင်လုပ်ပြီးတော့ မင်းကလှည့်စားခံရတယ်လို့ အမြဲပြောတယ်”

“မင်းတိတ်တိတ်နေစမ်း” ဝမ်းမင်ယိက ရှက်ရှက်နဲ့ ဒေါသဖြစ်သွားရကာအော်လိုက်သည်။ “မင်းကသာ ခရာလိုတပွမ်ပွမ်နဲ့ လုပ်နေတာ”

လုယွင်ဖေးက သူ့ကိုပြုံးလာသည်။ “မင်းကသာပါးစပ်က ဂွက်ဂွက်ဂွက်နဲ့ဘဲအော်သလို အော်ပြီး လက်ပေါက်ကပ်နေတာ”

လျိုမို့ ထိုကဲ့သို့ကလေးဆန်သည့်စကားများကို မကြားရသည်ကအတော်ပင်ကြာပြီ။ သူ(မ)ရယ်ချင်သော်လည်း ချုပ်တည်းထားလိုက်သည်။

လုယွင်ဖေး၈ ဝမ်းမင်ယိနှင့် စနောက်လှောင်ပြောင်ပြီးချိန်တွင် လျိုမို့ကိုကြည့်ရင်း ပြောလိုက်သည်။

“ကျေးဇူးတင်ဖို့မလိုပါဘူး။ ကျွန်တော်က ပျမ်းကျင်းယွမ်ရဲ့အတန်းဖော်ပါ။ ပြီးတော့ ဖြတ်သွားရင်းကြုံသွားလို့ပါ”

“အဲ့ဒါဆို ပျမ်းကျင်းယွမ်ရဲ့ကံကောင်းမှုကို ခဏချေးခွင့်ရလို့ဝမ်းသာပါတယ်။ လျိုမို့က ပြံးရင်းဆိုလိုက်သည်။ “ဒီလိုဆိုရင်ရောဘယ်လိုလဲ။ မင်းတို့နှစ်ယောက်လုံးကို ကျေးဇူးတင်လို့ ဒီဆိုင်က loyalty card ကိုတစ်ကဒ်ဆီ ပေးလိုက်မယ်။ တစ်ကဒ်ဆီက ၂၀၀ ယွမ်ရှိတယ်။ မင်းတို့ဒီဆိုင်မှာ လာဝယ်တဲ့အခါတိုင်း သုံးလို့ရတယ်”

After I Possessed the Tmall Genie of the School Adonis(မြန်မာဘာသာပြန်)Where stories live. Discover now