Chapter 40

2K 416 20
                                    

Vehicle versus vehicle, Bian JinYuan’s Win

(Unicode)

ပျမ်းကျဲက သူပြန်လာသည်ကိုတွေ့ကာ မေးလိုက်သည်။ “အစောကြီးပြန်လာတာလား။ စားပြီးပြီလား”

“မစားရသေးဘူး”

“Jianbing ကျန်တာတွေရှိသေးတယ်။ အန်တီသွားနွေးပေးမယ်”

“Jianbing ကျန်တာတွေရှိသေးတယ်။ အန်တီသွားနွေးပေးမယ်”

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

“ဟုတ်”

ပျမ်းကျင်းယွမ် ရုတ်တရက်တစ်ခုခုကိုတွေးမိပြီး အပြင်ထွက်လာလိုက်သည်။ သူ့အိမ်နံရံဘေးကပ်ထားသည့် အနက်ရောင်စက်ဘီးလေးကို ကြည့်လိုက်မိသည်။ ကြည့်နေရင်း ခါးကုန်းလိုက်ကာ မစီးဖြစ်သည်ကကြာနေပြီဖြစ်သည့် စက်ဘီးကိုကိုင်ကြည့်လိုက်မိသည်။

ပျမ်းကျဲက အစားအစာကိုနွေးပေးရန်ထွက်လာချိန် ပျမ်းကျင်းယွမ်က စက်ဘီးကိုဖုန်သုတ်နေသည်ကိုတွေ့လိုက်ရသည်။ “ဘာလို့ဒီစက်ဘီးကိုသုတ်နေတာလဲ။ ပြန်စီးတော့မလို့လား”

ပျမ်းကျင်းယွမ်က အင်းဟုသာဆိုသည်။

စက်တင်ဘာလဆန်းမှစကာ လဝက်လောက်နီးပါး မိုးရွာနေခဲ့သည်။ ပျမ်းကျဲက ရာသီဉတုမကောင်းသည်ကို သတိထားမိသည့်အပြင် စက်ဘီးနှင့်ကျောင်းသွားလျှင် မိနစ်လေးဆယ်လောက်ကြာသည်ဖြစ်၍ သူ(မ) ပျမ်းကျင်းယွမ်အတွက် စိတ်မကောင်းဖြစ်သွားခဲ့သည်။ ထို့ကြောင့် သူ(မ) သူ့ကို အများပြည်သူသုံးလမ်းပန်းဆက်သွယ်ရေးပြောင်းသုံးရန် ပြောခဲ့သည်။

အိတ်စ်မြို့တော်၏ ကျောင်းသားများကို လမ်းပန်းဆက်သွယ်ပေးသည့်စနစ်က သုံးဆယ်ရာခိုင်နှုန်း ဈေးနှုန်းချပေးသောကြောင့် ကောင်းမွန်သည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် ပျမ်းကျင်းယွမ်လည်း စက်ဘီးအစား ပြောင်းသုံးခဲ့ခြင်းဖြစ်သည်။ အခုအချိန်တွင် သူလုယွင်ဖေးကို ကျောင်းတွင်ကြိုပေးရန် ပြောထားခဲ့သည်။ ပထမဉီးဆုံးအချက်က သူ့တွင်ကားမရှိ။ ဒုတိယအချက်က တက္ကစီငှားရန် သူ့တွင်ပိုက်ဆံမရှိ။ လုယွင်ဖေး ကျောက်ပတ်တီးစီးနေရချိန်တွင် အများပြည်သူသုံးလမ်းပန်းဆက်သွယ်ရေးများ သုံးခြင်းကလည်း အဆင်မပြေနိုင်။ စဉ်းစားကြည့်ပြီးနောက်တွင် စက်ဘီးကိုသာအားကိုးရန် ဆုံးဖြတ်လိုက်သည်။

After I Possessed the Tmall Genie of the School Adonis(မြန်မာဘာသာပြန်)Where stories live. Discover now