10နှစ်မြောက်မှာတော့ ပထမဆုံးသွေးရောကလေးကြီးပြင်းလာခဲ့ပြီး အထူးပညာသင်ကြားပေးခဲ့ကြတယ်

14နှစ်မြောက်မှာ သွေးရောများစွာ န်ုင်ငံတဝန်းဖြစ်ပေါ်လာခဲ့တယ်

30နှစ်မြောက်မှာတော့ အင်ပါယာအသစ်က အဟောင်းထက် ပိုအောင်မြင်စွာဖွံဖြိုးလာတယ်

40နှစ်မြောက်မှာတော့ ကုနန်းဆုံးပါးခဲ့တယ်။ တနှစ်တည်းမှာပဲ ချန်လိဟာပျောက်ကွယ်သွားတော့တယ်

......

ရှီရှန်း Systemထဲပြန်ရောက်လာတော့ သူမဟာအလောတကြီး စာအုပ်နားသွားပြီး သောင်းကျန်းတော့တယ်
"ငါကဘာလို့သေတာလဲ ဘာလို့ရုတ်တရက်ကြီးသေသွားရတာလဲ! ဒါမတရားတာသိလား တရားစွဲလို့ရတယ် ဒီလိုကလိမ်ကကျစ်ကျတာက  "

[······]

systemက screenပေါ်မှာ အစက်ခြောက်စက်ရေးလိုက်တယ်

" ဒါဘာပြောတာလဲ စကားပြောစမ်း ခွေးကောင်  "

[ Hostမသေခင်ဘာဖြစ်ခဲ့လဲ မမှတ်မိဘူးလား ]

" မသေခင်... "

ရှီရှန်း ဇာတ်ကြောင်းကိုပြန်တွေးလိုက်တယ် ချန်လိက သူမဆီမုန့်ထုပ်တွေယူလာပေးပြီး သူမကလည်း သာမာန်ပဲထင်ပြီး ဂရုမစိုက်ဘဲစားလိုက်....

"ချန်လိ ခွေးသူတောင်းစားလေး ငါ့ကိုDateလွန‌်နေတဲ့ မုန့်တွေ ယူလာပေးရဲတယ် "

[ ···· ] ' အမှန်တိုင်းပြရရင် hostကDateလွန်နေတဲ့မုန့်ကြောင့် သေသွားမယ်လို့မထင်ထားခဲ့ဖူးဘူး '

" ချန်လိခွေးကောင်လေး! ငါကတော့ သားတစ်ယောက်လိုမျိုး နှစ်ပေါင်းများစွာစောင့်ရှောက်ကျွေးမွေးလာတာ သူကDateလွန်နေတဲ့မုန့်တွေနဲ့ ကျေးဇူးဆပ်ရဲတယ်! "

" ငါပြန်သွားလို့ ရလား "
ရှီရှန်းကအံကြိတ်ရင်းပြောလိုက်တယ်
" ပြန်သွားလို့ရရင် အဲ့ကောင်စုတ်လေးကိုသေတဲ့အထိ ရိုက်ပစ်မယ် မြေကြီးထဲပြန်ပို့ပစ်မယ်အဲ့ကောင်ကို!  "

" မရပါဘူး " Systemက မျက်နှာသာလုံးဝမပေးခဲ့ပါဘူး

[ ဘာဆက်ဖြစ်လဲ သိချင်သေးလား ]

" တိတ်စမ်း " ' ငါကြည့်ရင် သွေးတက်ပြီးပဲ သေလိမ့်မယ် အဲ့အစားမက်တဲ့ကောင် ငါ့မြင်တိုင်းဆာနေတဲ့ခွေးကောင် စားပိုးနင့်ပြီးသေသွားရမှာ '

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Donde viven las historias. Descúbrelo ahora