Arc 1.16

4.8K 601 14
                                    

➡️Unicode

အဲ့ဒီလူကအခြားလူတွေရဲ့မြင်ကွင်းရှေ့မှာပိတ်ရပ်နေတာကြောင့်ရှီရှန်းဘာကိုင်ထားတယ်ဆိုတာမမြင်ကြရဘူး။
အနီးကပ်စောင့်ကြည့်ကင်မရာကနေအခန်းထဲကိုကြည့်နေတဲ့ လက်ထောက်ကသူမလက်ထဲမှာကိုင်ထားတဲ့လက်ပစ်ဗုံးကိုရှင်းရှင်းလင်းလင်းကြီး,တွေ့လိုက်တယ်။
.
အဲဒါကိုကြည့်ရတာစစ်သားတွေ အသုံးပြုတဲ့ဟာနဲ့ ခပ်ဆင်ဆင်ပဲ.ဒါပေမဲ့အနည်းငယ်ကွဲပြားနေတယ်
ရှီရှန်းကိုကြိုးတုပ်ဖို့လာတဲ့လူကြီးက ~သောက်ချီး..ဒီကောင်မလေးကဒါကိုဘယ်နေရာကနေရခဲ့တာဘာလိမ့် ~လို့တစ်ယောက်တည်းတွေးနေတယ်

"မင်းခုချိန်ထိဒီနားမှာဘာရပ်လုပ်နေတာတုန်း.သူမကိုကြိုးတုပ်လိုက်စမ်း"
နန်ကုန်ကျင်းကဒေါသပိုထွက်လာတယ်
.
ဟိုလူကြီးကချွေးပြန်နေပြီးသူမလက်ထဲမှာကိုင်ထားတဲ့ဟာကိုမြင်အောင်ဘေးကိုဖယ်ပေးလိုက်တယ်

~အဲမှာလေဘယ်ကမှန်းမသိတဲ့လက်ပစ်ဗုံးကြီး။ ငါကသူ့ကိုသွားပြီးကြိုးတုပ်ရဲမယ်လို့မင်းထင်နေတာလား~

နန်ကုန်ကျင်းကချက်ချင်းသဘောမပေါက်ပေမဲ့ လင်းဟောက်ကတော့သဘောပေါက်တယ်

အဲဒါကြောင့်သူ့ပုံစံကပြောင်းသွားပြီးစုရီရီကိုအပြင်ဘက်ခေါ်ထုတ်လိုက်တယ်.

"ရွှီချန်းယွဲ့မင်းရူးနေပီလား"

ရှီရှန်းကတော့သူတို့ကိုအထင်သေးတဲ့ပုံစံနဲ့ကြည့်ပြီးလက်ထဲကလက်ပစ်ဗုံးနဲ့ကစားနေတယ်

"ရှင့်ကိုယ်ရှင်ပြန်ကြည့်ပါဦး ကြောက်နေလိုက်တာ။ ဒါကကစားစရာအရုပ်လေးပါဘဲကျွန်မဒါကိုစောစောကမှ ဒီအခန်းထဲကရှာတွေ့တာ"

လင်းဟောက်ကသူမလက်ထဲမှာရှိနေတဲ့လက်ပစ်ဗုံးကို စိုက်ကြည့်လိုက်ပေမဲ့ အတုလားအစစ်လားခွဲမရဘူးဖြစ်နေတယ်

အချိန်ခနလောက်စဥ်းစားပြီးတဲ့နောက်မှာသူတွေးလိုက်တယ်
သူမကချမ်းသာတဲ့မိသားစုကမမလေးတစ်ယောက်ပဲဟာကိုသူ့မှာဘယ်လိုလုပ်လက်ပစ်ဗုံးရှိနေနိုင်မှာလဲ

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now