Arc 2.14

3.5K 442 1
                                    

Unicode

လုချင်းယွင် ကမိန်းကလေးနှစ်ယောက်စကားများနေတာကိုစိတ်ဝင်စားမှုမရှိတာကြောင့်အဲ့နေရာကနေထွက်သွားတယ်။
"မစ္စတာလု.. ရှင်ကျွန်မကိုဘယ်အချိန်ဖြစ်ဖြစ်စပွန်ဆာပေးလို့ရတယ်နော်"
ရှီရှန်းကလုချင်းယွင်ကိုအော်ပြောလိုက်တယ် လုချင်းယွင်ကလမ်းလျှောက်နေရင်းခနလောက်တုံ့ဆိုင်းသွားတယ်ဆို​ပေမယ့်သူတို့မြင်ကွင်းကနေပျောက်ကွယ်သွားတယ်
လုချင်းယွင်ထွက်သွားတာနဲ့ထန်းရန်ကစကားကိုပြောချင်သလိုပြောတော့တယ်
"နင်အကိုကြီးလုချင်းယွင်ရဲ့ပိုက်ဆံကိုမျက်စိကျနေတာမလား အကိုကြီးချင်းယွင်ကနင့်ကိုလှည့်တာင်ကြည့်မှာမဟုတ်ဘူး နင့်ရဲ့နောက်ခံအသိုင်းအဝိုင်းနဲ့ဆိုရင်သူ့ကိုသူ့ဖိနပ်ကိုလှမ်းထိဖို့တောင်အခွင့်အရေးမရှိဘူး"
ရှီရှန်း ပြန်ဖြေတာကိုမစောင့်ဘဲနဲ့ထန်းရန်ကလုချင်းယွင်နောက်ကိုလိုက်သွားတယ်
ရှီရှန်း"......"
ရှီရှန်းကသူမရဲ့နဖူးကိုနှိပ်လိုက်တယ်
~ဗီလိန်တစ်ယောက်နဲ့နီးစပ်အောင်လုပ်ရတာမလွယ်မှန်းအခုမှသိတယ်~
ရှီရှန်းကသူမဒီတစ်သက်သန့်စင်ခန်းထဲကတောင်မထွက်နိုင်တော့​အောင် မူး​နေတယ်ဆို​ပေမယ့် သူမအားမွေးပြီးထွက်လာတယ်
နားနေခန်းကိုရောက်တဲ့အခါမှာလူတွေအများကြီးဆူဆူညံညံဖြစ်နေတာကိုကြားရတယ် သူမလူအုပ်ကြားထဲကိုတိုးဝင်သွားတဲ့အခါမှာအခန်းတစ်ခန်းမှာဖန်ကွဲစတွေပြန့်ကြဲနေတာကိုတွေ့လိုက်ကတယ်
"ရှမန်..ငါတကယ်တောင်းပန်ပါတယ် ငါရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ပါဘူး "
ရှရွှမ်းကတောင်းပန်တဲ့မျက်နှာနဲ့ရှမန်ကိုကူညီဖို့လုပ်နေတယ်"ငါနင့်ကိုယ်မက် မထိန်းနိုင်ဘူးလို့ မထင်လိုက်လို့ပါ။နင့်​ခေါင်းမှာသွေးတွေထွက်နေတယ်။ငါနင့်ကိုဆေးရုံကိုခေါ်သွားပေးမယ်။တောင်းပန်ပါတယ်အကုန်ငါ့အမှားတွေပါ"
ရှမန်ရဲ့မျက်နှာကအေးစက်နေပြီးတော့ရှရွှမ်းရဲ့လက်ကိုအဝေးကိုတွန်းထုတ်လိုက်တယ်။သူမအသံကဖျော့နေပြီးတုန်နေတယ်။
"ရှရွှမ်းမင်းသရုပ်ဆောင်နေတာဆိုရင် ရပ်လိုက်သင့်ပြီ"
ပတ်၀န်းကျင်ကလူ​တွေကကျွတ်စီကျွတ်စီ​ပြော​နေကြတယ်
"အဲ့ဒါ ရှရွှမ်းမလား"
"ဘယ်သူကရှရွှမ်းလဲ"
"ဘုရားသခင်ငါတို့ရဲ့နတ်ဘုရားမလေးပါလား,ငါ့ရဲ့နတ်ဘုရားမလေးကကြင်နာတတ်လိုက်တာ။
ဟိုမိန်းမကဘယ်သူလဲ။ငါ့နတ်ဘုရားမလေးကိုများအဲလိုဆက်ဆံရဲတယ်ပေါ့လေ"
လူထုကြီးကရှမန်ကိုလက်ညှိုးထိုးနေပြီးတော့အပစ်တင်​နေကြတယ်
။သူတို့ကသူတို့ရဲ့နတ်ဘုရားမလေးကိုတွေ့ရလို့စိတ်လှုပ်ရှားနေကြသလိုသူမအစားဒေါသတွေလည်းထွက်နေကြတယ်။ကံကောင်းစွာနဲ့ပဲအဲမှာရှိနေတဲ့လူတွေက လူကိုရိုက်တာတို့ဘာတို့မလုပ်ကြဘူး။

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now