Arc 2.22

3.2K 398 6
                                    

➡️Unicode

သူမရဲ့အချိန်ပို​တွေမှာ ရှီရှန်းက အဖိုးလုနဲ့ ဆက်​ဆံရေး​ကောင်း​အောင် လုပ်​နေပြီး​သ​တော့ သူ့ကို ​ပျော်ရွှင်​အောင်လုပ်​ပေး​နေလိုက်တယ်.

ရှီရှန်းတို့ရဲ့ရိုက်ကူး​ရေးအစီအစဥ်ပြီးဆုံးသွားလို့ တီဗီမှာထုတ်လွှင့်တဲ့ အချိန်​လောက်မှာပဲ အဖိုးလုကနိုင်ငံခြားကို ထွက်သွားခဲ့တယ်.

ဒါ​ပေမယ့် အဖိုးက သူ မသွားခင်မှာ ရှီရှန်းကို ဘယက်တစ်ကုံး​ပေးခဲ့တယ်.ရှီရှန်းရဲ့ခန့်မှန်း​ခြေအရ  ဘယက်ရဲ့တန်ဖိုးက ​ဒေါ်လာသန်း၅၀ နီးပါး​လောက် ရှိ​လောက်မယ်

~ဒေါ်လာသန်း၅၀တန်ကို ဒီလိုကြီး​ပေးပစ်နိုင်လိုက်တယ်​ပေါ့ ဘယ်​လောက်​တောင်ရက်​ရောလိုက်လဲ ငါအဖိုးလုရဲ့ ​ခြေသလုံးတုတ်တုတ်ကို ​ပြေးဖက်ထားမှဖြစ်​တော့မယ်~

"ဒီဘယက်က....."

လုချင်းယွင်က ရှီရှန်းရဲ့လက်ထဲမှာ ခပ်တင်းတင်းဆုပ်ကိုင်ထားတဲ့ဘယက်ကို ကြည့်လိုက်တယ်

"အဲ့ဒါကိုမ​ပျောက်​စေနဲ့ ..."

ရှီရှန်းက ဘယက်ကို ဘူးထဲပြန်ထည့်ပြီး​တော့ ချိုချိုသာသာ​ပြောလိုက်တယ်

"မပူပါနဲ့ ကိုကို​လေးရယ်  အဖိုးလုက သူ့ရဲ့မိသားစုအ​မွေအနှစ်ကို ကျွန်မဆီယုံယုံကြည်ကြည်အပ်နှံလိုက်တာ​လေ "

"အဲ့ဒီဘယက်က......"

လုချင်းယွင်က ပါးစပ်အ​ဟောင်းသားဖြစ်သွားတယ်

ဒါ​ပေမယ့် သူက ခပ်တိုး​တိုးရေရွတ်လိုက်တာမို့လို့  ရှီရှန်းကအဲ့ဒါကို ​သေ​သေချာချာမကြားလိုက်ဖူး

" ရှင်ဘာ​ပြောလိုက်တာလဲ "

လုချင်းယွင်ကပြုံးပြီး​တော့  ​ခေါင်းယမ်းလိုက်တယ်

"ဘာမှမဟုတ်ပါဘူး "

ရှီရှန်း က သူ့ကိုသံသယဖြစ်စွာကြည့်လိုက်တယ်

~တစ်ခုခု​တော့တစ်ခုခုပဲ~

ဒါ​ပေမယ့် သူမကခပ်မြန်မြန်ပဲပြုံးလိုက်တယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now