Arc 3.26

2.5K 354 6
                                    

Unicode

အခုတော့အုတ်အုတ်သဲသဲဖြစ်နေတဲ့လူအုပ်ကြီးက ကင်းရှင်းသွားပြီ
အရိပ်တစ်ခုတောင်မကျန်တော့ဘူး

အဲ့နေရာမှာခမ်းနားတဲ့အဆောက်အဦးမပြောနဲ့မြူတစ်မှုံတောင်ရှိမနေဘူးတက်လှမ်းခြင်းကွင်းပြင်နားမှာဘာမှမရှိဘူး

ဝေးလံတဲ့တောင်တန်းဒေသတွေမှာပဲအဆောက်အဦးတွေကိုတွေ့ရတယ်

ဖုန်းစီကရှီရှန်းရဲ့လက်ကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီးတော့တက်လှမ်းခြင်းကွင်းပြင်ကနေထွက်လာခဲ့တယ်

"စောစောကဒီနားကလူအုပ်ကြီးကဘာလာလုပ်တာလဲ"
ရှီရှန်းက ကသိကအောက်နဲ့မေးလိုက်တယ်

"ကိုယ်မသိဘူး,"
ဖုန်းစီကပဟေဠိဆန်ဆန်ခေါင်းခါပြတယ်

ရှီရှန်း "......"
,'ရှင်ကောင်းကင်ဘုံအကြောင်းအကုန်သိတာတော့သေချာပါတယ်နော်'

တက်လှမ်းခြင်းကွင်းပြင်မှာ​နောက်ထပ်အလင်းတန်းတစ်ခုကျရောက်လာပြန်တယ်
'နောက်တစ်ယောက်ထပ်ပြီးတော့တက်လာတာလား'
ဒီနေ့ကဘာလဲနေ့ထူးနေ့မြတ်များဖြစ်နေလို့လား

ဒါပေမဲ့ထွက်လာတဲ့သူကရှီရှန်းအတွက်တော့အရမ်းကိုရင်းနှီးနေတယ်
'ယဲ့ချင်ချိုး..'

'နင်ကအရင်စမ်းသပ်ခံရတာမဟုတ်ဘူးလား,ဘာလို့ငါ့နောက်မှတက်လာရတာလဲ.အော်နင်ကတက်ရောက်တာတောင်ပုံဆိုးပန်းဆိုးမဖြစ်ဘူးပဲ'

ယဲ့ချင်ချိုးကရှီရှန်းကိုမြင်တဲ့အခါမှာသူမမျက်နှာကချက်ချင်းရုပ်ဆိုးသွားတယ်
သူမကဆူပုတ်ပြီးရှီရှန်းကိုစိုက်ကြည့်နေတယ်

အဲ့ဒီအချိန်မှာစောစောကပျောက်သွားတဲ့လူအုပ်ကြီးကပြန်ပေါ်လာပြီးတော့ယဲ့ချင်ချိုးကိုဆွဲခေါ်သွားပြီးပြန်ပျောက်သွားတယ်

ရှီရှန်း".......".,
'အဲ့ဒါဆိုစောစောကလူတွေက ယဲ့ချင်ချိုးကို ကြိုဆိုဖို့လာတာလားး, အမလေး...ဇာတ်လိုက်မရယ်နင့်ကံကလည်းကောင်းလိုက်တာ.,ဇာတ်လိုက်ကောင် မရှိတာတောင် နင့်ကိုကြိုဆိုမယ့်သူတွေအများကြီးရှိနေသေးတာပဲ'

ရှီရှန်းကသူမကိုကြိုဖို့လူတွေအများကြီးရှိမနေတာကိုဂရုမစိုက်ဘူး
ဒါပေါ့သူမကဖုန်းစီနဲ့အတူထွက်လာမှတော့သူမကိုဘယ်သူကကြည့်ရဲတော့မှာလဲ

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now