Arc 4.13

2.3K 344 10
                                    

Unicode

Arc.4.13

လင်းဖုန်းပြောသလို ရှီရှန်းလည်းကြေးစားအဖွဲ့အဖြစ် နာမည်စာရင်းသွင်းခဲ့တယ်။  ပြီးတော့ သူမက အဖွဲ့နာမည်ကို ကြောင်တောင်တောင်ကြီးနဲ့ ဘဝင်မြင့်နေသလိုကြီး ပေးပစ်လိုက်သေးတယ်။

<< Fighyt Us!!! >> (အတိုကောက်အနေနဲ့ FUလို့သုံးသွားပါ့မယ်)

သုံးယောက်လုံးက Chuuniဆန်ဆန်နာမည်ကြီးကို ငြင်းဆန်လာကြတယ်။ သူတို့ရဲ့ငြင်းငယ်မှုပယ်ချခံရတာတော့ သနားစရာပဲ။

ပြီးခဲ့တဲ့လတစ်ယောက်လုံး ကုနန်းအလုပ်ရှုပ်နေခဲ့တယ်။ (ရှီရှန်းအဖြစ် Quesတွေ အဟမ်း missionရော လုပ်နေခဲ့ရတာ)။ သူမက FUကို ဟာရီကိန်းထက်တစ်ဆင့်ပဲ နိမ့်တဲ့အထိ ရောက်အောင်လုပ်ခဲ့တယ်။ သေချာပေါက် သူမရည်မှန်းချက်က ဒီထက်ကြီးတာပေါ့။

စီမံခန့်ခွဲ့ရေးက‌လူတွေကလွဲပြီး ကျန်တဲ့သူတွေကFUအဖွဲ့ဝင်တွေအကြောင်း ကောင်းကောင်းမသိကြဘူး။ FUအဖွဲ့ယူတဲ့ missionတွေကို ဘုတ်ပြားပေါ်မှာသာ ကပ်ထားလေ့ရှိတယ်။ ဒါပေမဲ့သူတို့လုပ်ရတဲ့Missionတွေက ညသန်း​ခေါင်ကြီးမဟုတ်ရင် မနက်အစောကြီးဖြစ်နေတာမို့ FUအဖွဲ့ဝင်တွေကို ‌မတွေ့ဖူးကြဘူး။

ဟုတ်ပါတယ်။  အမှန်တရားကတော့......

ချင်းယုတို့သုံးယောက်က ဒီChuuniနာမည်ကြီးရဲ့အဖွဲ့ဝင်တွေလို့ အသိမခံချင်ကြလို့ပါ။ ဒါကြောင့် သူတို့က missionတွေကို လူမရှိတဲ့အချိန်​တွေမှာသာ ထွက်လုပ်ကြပြီး ရှောင်ရှားနေကြတာ။

' ဒီလိုနေရတဲ့ ငါတို့ဘဝကြီးကို လွယ်ကူတယ်များ ထင်နေလား '

" SSအဆင့် missionတစ်ခု ရှိတယ်။ ကျွန်တော်တို့ လက်ခံလိုက်ကြမလား "

သူတို့ရောက်ပြီးကတည်းက အမြှင့်ဆုံးmissionအဆင့်က Sအဆင့်ထိပဲ။ SSအဆင့်ကိုထုတ်ပြန်တယ်ဆိုတာ ဒါပထမဆုံးပဲ။

" missionက ဘာလဲ "

" သေချာမပြောတတ်သေးဘူး။ ကျွန်တော်တို့လက်ခံပြီးမှ အသေးစိတ်ပြောပြမယ်တဲ့။ ဒီmissionကို အဆင့်မြှင့်အဖွဲ့တွေအားလုံဆီ ပို့ပေးထားတယ်။  အရေးကြီးတာမို့ လူအများကြားထဲ ကြေငြာမထားဘူး  "

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now