Arc 4.18

2.2K 339 1
                                    

Unicode

ရှီရှန်းကစတိုခန်းရှေ့မှာ ပိတ်ရပ်ထားလိုက်တယ်။ လူတိုင်းစတိုခန်းနားရောက်တော့ တံခါးရှေ့မှာရပ်နေတဲ့ ကုနန်းကိုတွေ့လိုက်ရတယ်။

"ကုနန်း! နင်ဘာလုပ်တာလဲ! "
ချန်းရှီ ကုနန်းကိုဘေးတွန်းလိုက်တာနဲ့တပြိုင်နက် ချင်းယုတို့သုံးယောက်လုံး ကုနန်းကိုအလယ်မှာထားပြီး သူမရှေ့မှာဝိုင်းရပ်ကာထားလိုက်တော့တယ်။

" ခွေးကောင် ငါတို့ကဒီမှာ လူကယ်ဖို့လုပ်နေတာမမြင်ဘူးလား။ ဘာပိတ်ရပ်ကြတာလဲ ဘေးဖယ်ကြစမ်း! "

ကုနန်းလည်း သူမကိုကာကွယ်ပေးထားတဲ့ လူသုံးယောက်ကို စောင်းကြည့်လိုက်တယ်။ သူမမျက်လုံးတွေက ကွေးတက်သွားပြီး စကားစပြောတော့တယ်။

" ငါကုသစွမ်းအားရှင်တွေကို တွေ့ဖူးတယ်။ သူတို့က zombie ဗိုင်းရပ်စ်ကို ကုဖို့အလင်းရောင်ခြည်တွေဖြာပေးလိုက်ရုံပဲ။ ဒါမဟုတ်လို့ ချီမင်ယွဲ့ နင်က တခြားနည်းလမ်းကိုသုံးရတာလား ဒါကြောင့်သီးသန့်နေရာတစ်ခုလိုအပ်တာလား "

ချီမင်ယွဲ့က ဝတ္ထုတစ်ခုလုံးကို သေချာဖတ်ခဲ့တာပဲလေ။ ဒါကြောင့် ကုသစွမ်းအားရှင်တွေက နောက်ကျမှပေါ်ထွန်းလာခဲ့တယ်ဆိုတာကိုသိထားတယ်။ သူတို့က ကုနန်းပြောသလို ကုသဖို့ရာ ရောင်ခြည်အနည်းငယ်သာ လိုအပ်တာ။ အရမ်းမြန်ပြီး အဆင်ပြေတယ်။

"မင်းက ဘယ်လိုလုပ်ပြီး ကုသစွမ်းအားရှင်တွေနဲ့ တွေ့ဖူးရတာလဲ။ အဲ့ဒါကအရမ်းရှားတယ်လေ "

" ဟုတ်တယ်။ ပြီးတော့ မင်းဘာသာFUခေါင်းဆောင်ပဲဖြစ်ဖြစ် မင်းရဲမနာလိုစိတ်တွေကို ဘေးခနဖယ်ထားလိုက်။ ငါတို့ကအသက်ကယ်ဖို့လုပ်နေတာ! ဂိမ်းဆော့နေတာမဟုတ်ဘူး "

"ဒီမှာစွမ်းအားရှင်တွေအများကြီးပဲ ရှိတာ။ ဘာလို့သူတစ်ယောက်တည်းကပဲ ကယ်နိုင်သလိုပြောနေကြတာလဲ။ ပြီးတော့... "

သူမကမျက်ခုံးပင့်လိုက်ပြီး အသံကပါလှောင်တဲ့ဘက်ပြောင်းသွားတယ်။

" သူမက ကုနိုင်လား မကုနိုင်ဘူးလားဆိုတာ အပြောခံနိုင်ရမှာပဲလေ "

ကုသစွမ်းအားရှင်တွေက ရှားပါးတယ်ဆိုပေမဲ့ ဒီမှာတော့ စွမ်းအားရှင်မျိုးစုံရှိနေကြတာပဲလေ။ ကုနန်းစကားတွေက မမှားတာကြောင့် သူတို့အချင်းချင်းလှည့်ကြည့်လိုက်ကြမိတယ်။

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now