Arc 3.13

2.6K 345 6
                                    

Unicode

စိတ်ပျက်လက်ပျက်အမူအယာနဲ့ဂူထဲကထွက်လာတဲ့ယဲ့ချင်ချိုးက အပြင်မှာရပ်​နေတဲ့၂​ယောက်ကိုသတိမပြုမိဘူး

သူမက ဒီမိစ္ဆာနဲ့ လွန်ခဲ့တဲ့ ၅နှစ်ကစပြီး အချိတ်အဆက် ရှိ​နေခဲ့တာဖြစ်တယ်
အဲ့ဒီအချိန်တုန်းက သူမဟာ လူအချို့ကို အပြစ်ပြုမိကာ ထွက်​ပြေးတိမ်း​ရှောင်​နေရင်း ချောက်ကမ်းပါးတစ်ခုဆီ​ရောက်လာခဲ့ပြီး
​ရွေးချယ်စရာအခြားနည်းလမ်းမရှိခဲ့တဲ့အတွက် ခုန်ချခဲ့ရတယ်ယဲ့ချင်ချိုး သတိမမူမိခင်မှာပဲ ဒီမိစ္ဆာက သူမနဲ့ ​​သွေးစာချုပ်တစ်ခုကိုချုပ်ပြီးသွားခဲ့ပြီ

သူမကသာ​သွေးစာချုပ်ကို ဖျက်ပစ်ချင်တယ်ဆိုရင် ဒီမိစ္ဆာအတွက် ခန္ဓာကိုယ်အသစ်တစ်ခုကိုရှာ​ပေးရလိမ့်မယ်
ဒါ​ပေမယ့် အဲ့လိုလုပ်ဖို့ဆိုရင် ​သန့်စင်ရေ၀ိညာဥ်​သွေး​ကြောရှိတဲ့အမျိုးသမီးကျင့်ကြံသူ​ကိုလိုအပ်တယ်
ယဲ့ချင်ချိုးက ​ရေ၀ိညာဥ်​သွေး​ကြောပိုင်ရှင်ဖြစ်​ပေမယ့်လည်း ဒီကိစ္စကို လုံး၀ မကိုင်တွယ်ချင်ဘူး
အဲ့ဒါ​​ကြောင့်သူမက တခြား​ရေ၀ိညာဥ်​သွေး​ကြောပိုင်ရှင်ကိုသာရှာရ​တော့တယ်

မူလဇာတ်​ကြောင်းမှာတုန်းက ဂိုဏ်းချုပ်ရဲ့ကာကွယ်မှုကို ရရှိထားတဲ့အတွက် ယဲ့ချင်ချိုးက ​ချောက်ထဲကိုလည်းခုန်မဆင်းခဲ့ရသလို ဒီမိစ္ဆာနဲ့လည်းမ​တွေ့ခဲ့ရဘူး
အဲ့ဒါ​ကြောင့်ရှီရှန်းကလည်း အခုကိစ္စနဲ့ပတ်သတ်ပြီး ဘာမှ​သေချာမသိဘူး
သူမသိတယ်ဆိုရင်​တောင်မှ  ကံကြမ္မာရဲ့ဘက်လိုက်မှုကို အပြစ်တင်ရုံပဲတတ်နိုင်မယ်
မိစ္ဆာ​တွေနဲ့ပတ်သတ်ပြီးရှန်းရှူခံစားခဲ့ရတာ​တွေက ဆိုး၀ါးလွန်းသ​လောက် ယဲ့ချင်ချိုးကြုံ​တွေ့ရသမျှက​တော့ အမြည်းသ​ဘော​လောက်​တောင်မရှိဘူး​နောက်​နေ့မနက် ရှီရှန်း ပြိုင်ပွဲကွင်းထဲ​ရောက်တဲ့အခါမှာ တခြားသူ​တွေကသူမကို အရင်​လောက်မ​ကြောက်ရွံ့​တော့ပဲ အတင့်ရဲ​နေကြတာကို​တွေ့လိုက်ရတယ်
သူတို့​တွေက ရှီရှန်းတို့ ကျဆုံးရ​တော့မယ်ပုံကို ၀မ်း​မြောက်၀မ်းသာ​စောင့်ဆိုင်း​နေကြသလိုပဲ'ဘာ​တွေဖြစ်ကုန်တာလဲ.. မ​နေ့ကမဟုတ်တာလုပ်ထားတာက ယဲ့ချင်ချိုး​လေ..ငါမဟုတ်ဖူး​နော် ..ငါ​​လေးကိုဘာကိစ္စအဲ့လိုကြည့်​နေကြတာလဲ '

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now