Arc 4.23

2.3K 312 0
                                    

Unicode

သူတို့တွေ ဂိတ်ပေါက်ကိုမဖြတ်နိုင်ခင်မှာပဲ အတားခံလိုက်ရတယ်။ စွမ်းအားပိုင်ရှင်တွေနဲ့ စစ်တပ်က သူတို့လမ်းကြောင်းကို ပိတ်ထားကြတယ်။ FUက ကြားထဲမှာညှပ်နေ တယ်။ ကြည့်ရတာ ဒီအဖွဲ့တွေက မိုးကြိုးဒဏ်ကိုမခံလိုက်ကြရလို့ ဒီလောက်ရဲတင်းနေတာဖြစ်မယ်။

" ဘောစ့် ဒီနေရာမှာ သာမာန်လူတွေအများကြီးရှိတယ်။ ကျွန်တော်တို့ ဗုံးထပ်ခွဲလိုက်ရင် အပြစ်မဲ့သူတွေအများကြီးသေသွားလိမ့်မယ် "
ချင်းယုက ပြတင်း‌ပေါက်အပြင်ကို ကြည့်ရင်းပြောလိုက်တယ်။

" ဒီကနေလွတ်ဖို့ ငါနည်းလမ်းရှာလိုက်မယ်။ ပြီးရင်လုံခြုံတဲ့နေရာကိုသွား တည်နေရာကောင်းကောင်းရှာပြီး အခြေစိုက်စခန်းတစ်ခုထောင်ထား။ လူတွေအများကြီးမလိုဘူး ဒါပေမဲ့ရှိတဲ့လူတွေက အရည်အချင်းရှိပြီး သစ္စာရှိရမယ်။ ပြောရဆိုရလည်းလွယ်ရမယ်။ ငါပြောတာ နားလည်တယ်မလား? "

"ဘောစ့်? "

"ရော့ ဒါကိုယူသွား ဒါက စပါယ်ရှယ်သိုလှောင်ပစ္စည်းပဲ။ ဒါကိုထိန်းသိမ်းဖို့ အဆင်ပြေဆုံးလူကယူထား ဒီထဲကပစ္စည်းတွေက ‌အခြေစိုက်စခန်းတစ်ခုထောင်ဖို့အထိ လုံလောက်တယ် "

သုံးယောက်လုံးက မျက်လုံးပြူးသွားကြတယ်။
' စပါယ်ရှယ် သိုလှောင်‌ပစ္စည်း!ဘောစ့်မှာ ဒီလိုပစ္စည်းထိရှိတယ်ပေါ့ သူကကမ္ဘာကြီးကို ကယ်တင်မဲ့ ကောင်းကင်ကလွှတ်ပေးလိုက်တဲ့နတ်သမီးလား! '

" စခန်းကိုစထောင်ပြီးတာနဲ့ ကျော်ကြားအောင်လုပ်ကြနော် ဒါမှငါရှာရတာပိုလွယ်မှာ "

သူက မှာစရာရှိတာ အမြန်မှာလိုက်တယ်။
"မေးစရာရှိသေးလား! "

သုံးယောက်လုံးက ချက်ချင်းမတုံပြန်နိုင်ကြဘူး။ ခနလောက်ကြာမှာ သတိကပ်ပြီးမေးလိုက်တယ်။
" ဘောစ့် ကျွန်တော်တို့နဲ့မလိုက်ဘူးလား "

' ဘောစ့်မပါဘဲ ကျွန်တော်တို့ချည်း စခန်းတစ်ခုဘယ်လိုထောင်ရမှာလဲဗျ '

" ငါမြို့တော်ကိုမင်းတို့ကိုခေါ်သွားဖို့ အဆင်မပြေဘူး။ ငါအဲ့ကိုသွားမှဖြစ်မှာ ငါလုပ်စရာရှိတာလုပ်ပြီးတာနဲ့ မင်းတို့ဆီ ပြန်လာမှာပါ ငါမြို့တော် ရောက်တာနဲ့ စခန်းအကြောင်းသတင်းကောင်းကြားချင်တယ်နော် "

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now