Arc 1.20 END

6.1K 623 8
                                    

➡️Unicode

လွန်ခဲ့တဲ့နှစ်​တွေထဲမှာ companyကိစ္စနဲ့ပဲအလုပ်ရှုပ်​နေခဲ့ရတဲ့အတွက် ​ကျောင်းကိုသိပ်မသွားဖြစ်ခဲ့ဘူး .အဲ့ဒါ​ကြောင့် ကျန်တဲ့အ​ခန်း​​ဖော်နှစ်​ယောက် ဘာ​တွေဖြစ်​နေလဲဆိုတာလဲ မသိရ​တော့ဘူး ​

နောက်ဆုံးအကြိမ်အ​ဆောင်ကိုပစ္စည်း​တွေသွားသိမ်းခဲ့တုန်းက အားနန်ကတစ်ခြားတစ်​ယောက်နဲ့ဖုန်း​ပြော​နေတယ်ဆိုတာကိုပဲယမှတ်မိတယ် အဲ့ဒီအချိန်တုန်းက အားနန်ရဲ့အ၀တ်အစား​တွေက အရည်အ​သွေးနဲနဲမြင့်လာခဲ့သလို သူမ​ပြောဆိုတဲ့စကား​တွေကလည်း အဆင့်အတန်းမြင့်လာခဲ့တယ်.

အားနန်က သူ့လူရဲ့လက်ကိုချိတ်ထားရင်းနဲ့. ရှီရှန်းကို အသံတိတ်စစ်​ကြေညာ​နေတယ်

"မမ​လေးရွှီဘယ်အချိန်မှာများအားလပ်ချိန်ရမလဲ ကျွန်​တော် ​နေ့လယ်စာဖိတ်​ကျွေးချင်လို့ပါ "

"သခင်​လေး...."
အားနန်က သ​ဘောမကျတဲ့​လေသံနဲ့​ပြောလိုက်တယ်

သူ သူမကိုပြန်ကြိုက်လာဖို့အတွက် အများကြီးကြိုးစားခဲ့ရတာကို ခုထိသူက ရွှီချန်ယွဲ့ကို​ နေ့လယ်စာဖိတ်​ကျွေးချင်​နေ​သေးတာလား

"ရွှီချန်ယွဲ့......ငါက သခင်​လေးက ချစ်သူပဲ နင်သူများ​ကောင်​လေးကို ဘာကိစ္စလာလုချင်​နေတာလဲ..."

~ဒီက​လေးမ ​ခေါင်းထဲမှာအ​ပေါက်များဖြစ်​နေသလားပဲ~
ရှီရှန်းက ​အေးစက်စက်သာပြန်ကြည့်လိုက်တယ်

"စာချုပ်မှာ လက်မှတ်ထိုးပြီးမှ ဒီကိစ္စကို စီစဥ်ကြတာ​ပေါ့ "

သခင်​လေးက သူ့ရည်းစားရဲ့စကား​တွေနဲ့ပတ်သတ်ပြီး ဘာတစ်ခုမှ၀င်မ​ပြောခဲ့ဘူး Porscheတစ်စီး​ရောက်လာတဲ့အခါမှာ ရှီရှန်းက ကား​ပေါ်တက်သွားတ.ယ်ဒီကိစ္စ​တွေအကုန်လုံးက တစ်ခန​လေးအတွင်းမှာဖြစ်သွားခဲ့တာပါ.အဲ့ဒီကားက သူတို့မြင်ကွင်းက​​နေလုံး၀​ပျောက်သွားတဲ့အချိန်မှာ သခင်​လေးက အားနန်ကိုတွဲထားတဲ့ လက်ကိုဖြုတ်လိုက်ပြီး ခပ်တိုးတိုးဆူပူလိုက်တယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now