Arc 2.15

3.5K 460 1
                                    

Unicode

"ဥက္ကဋ္ဌ ရှီ,ကျွန်တော်တို့စုံစမ်းထားတာအရ ရှမန်ကထန်းရင်းနဲ့ကျန်းဝန်တို့နဲ့အတူပေါင်းပြီးကုမ္ပဏီထောင်ဖို့လုပ်နေတယ်လို့ သိရပါတယ်"ရှီမိုရဲ့လက်ထောက်က စုံစမ်းလို့ရသမျှကိုရှီမိုဆီပြန်ပြီးအကြောင်းတင်တယ်
"ကုမ္ပဏီ...."
ရှီမိုရဲ့မျက်လုံးမှာအေးစက်နေတဲ့အကြည့်တစ်ချက်ဖြတ်​ပြေးသွားတယ်
"ရင်းနှီးငွေကဘယ်ကနေရတာလဲ"
"ရှမန်ရဲ့အမေကသူမအတွက်အမွေအဖြစ်ထားခဲ့တာ​တွေကိုသုံးထားတာထင်တယ်......"
"​အော်..သူမကသတ္တိရှိသားပဲ"
~ဒီရက်ပိုင်းအတွင်းမှာသူမကအရင်လိုတုံးအ​နေတုံးပဲ မစဥ်းစားမဆင်ခြင်တတ်​တဲ့တဲ့မိန်းက​လေးတစ်​ယောက်ဖြစ်​နေတုံးပါပဲလား ကုမ္ပဏီတစ်ခုထောင်ရတာအဲလောက်လွယ်တယ်များထင်နေလား~
"ငါသူမကုမ္ပဏီထောင်တာမမြင်ချင်ဘူး။နားလည်လား"
ရှီမို ကရှမန်အားကိုးရမယ့်လူကသူတစ်ယောက်ပဲဖြစ်ချင်တယ်။
လက်ထောက်ရဲ့မျက်နှာကအေးစက်ပြီးမလုံမလဲဖြစ်သွားတယ်
"ဥက္ကဋ္ဌ ရှီ,မိန်းက​လေးရှရဲ့ကုမ္ပဏီကမြို့တော်မှာ​တော်​တော်​အောင်မြင်နေပြီ။"

ရှီမိုကသူ့ရဲ့လက်ထောက်ကို​အေးစက်စွာကြည့်လိုက်တယ်
သူ့ရဲ့အကြည့်ကြောင့်သူ့လက်ထောက်ကမျက်နှာတစ်ခုလုံးချွေးတွေပြန်လာပြီးကြောက်ရွံနေတယ်
ရှမန်ကကုမ္ပဏီကိုမြို့တော်မှာဖွင့်လိမ့်မယ်လို့သူမထင်ထားဘူး။ရှီမိသားစုက ချင်မြို့မှာအင်အားကြီးတယ်ဆိုပေမဲ့မြို့တော်ရဲ့အင်အားကြီး company​တွေကိုတော့မယှဥ်နိုင်ဘူး။မြို့တော်မှာက အင်အားကြီးပြီးအာဏာရှိတဲ့သူတွေပဲနေကြတယ်။အဲ့နေရာကအင်အားမရှိတဲ့လူတိုင်းကိုအမှုန့်​ချေပစ်နိုင်တယ်။
"သူမမှာဘယ်လောက်​တောင်သတ္တိရှိ​နေလို့မြို့တော်မှာသွားဖွင့်ရဲရတာလဲ။ကြည့်ရတာငါတောင်ဘာမှမလုပ်ရသေးခင်သူငါ့ဆီဒူးထောက်ပြီးပြန်ရောက်လာမယ်ထင်တယ်။
လက်ထောက်ကရှီမိုရဲ့​အေးစက်တဲ့အပြုံးကိုကြည့်ပြီးကျောရိုးတစ်​လျှောက်လုံးကြက်သီးထလာတယ်။ကျန်း၀မ်နဲ့ရှမန်က ကုမ္ပဏီကိုသတိရှိရှိနဲ့မြို့တော်မှာဖွင့်ထားတာကြောင့်ရှီမိုရန်စလာမှာကိုစိတ်ပူစရာမလိုဘူး။ရှီမိသားစုနဲ့ရှမိသားစုက ချင်မြို့မှာအင်အားကြီးတယ်ဆိုပေမဲ့မြို့တော်နဲ့ယှဥ်လိုက်ရင်အင်အားကြီးပုံကတတိယအဆင့်မိသားစုသာသာပဲရှိတယ်။
အရင်တုန်းကရှမန်က ရှီရှန်းပြောတာတွေကိုသဘောမကျခဲ့ဘူး။ဒါပေမဲ့သူမ မသိလိုက်တဲ့အချိန်မှာဘဲသဘောတူပြီးသလိုဖြစ်သွားတယ်။ပြီးတော့ကုမ္ပဏီရဲ့လိပ်စာတွေတည်နေရာတွေက ရှီရှန်းစီစဥ်တာမို့လို့ရှမန်ကအရမ်းကြီးဂရုမစိုက်မိဘူး။ရှမန်နဲ့ထန်းရင်းကသူတို့သတိပြုမိတဲ့အချိန်မှာကုမ္ပဏီကမြို့တော်ရဲ့အလယ်တည့်တည့်မှာထောင်ထားမှန်းသိလိုက်တယ်။
ထန်းရင်း"...." 
'ငါတို့ကုမ္ပဏီက မြို့တော်ရဲ့အလယ်တည့်တည့်မှာလား'
ရှမန်"..." 
,'ဒါကအရမ်းကိုအလယ်မကျလွန်းဘူးလား'
'သခင်မကြီး,မင်းအတွက်ပိုက်ဆံရှာရတာအရမ်းလွယ်တယ်ဆိုရင်တောင်ပိုက်ဆံအကုန်လုံးကိုဒီမှာပုံပြီးမသုံးပစ်ဘူးမလား'
အလုပ်တွေအကြီးအကျယ်ရှုပ်ပြီးတဲ့​နောက်မှာမှာကုမ္ပဏီကတည်ထောင်ပြီးသွားတယ်။ရှမန်နဲ့ရှီရှန်းကCEOမလုပ်ချင်တဲ့အတွက်ထန်းရင်းကိုပဲCEOလုပ်ခိုင်းမယ်လို့တွေးထားကြပေမဲ့သူကငြင်းပယ်ခဲ့တယ်။ထန်းရင်းကကုမ္ပဏီထဲကသရုပ်ဆောင်တွေရဲ့ဒါရိုက်တာသာဖြစ်ချင်တယ်လို့​တောင်းဆိုခဲ့တယ်။ရှီရှန်းကCEO​နေရာအတွက်နယ်မြေရပ်ခြားကကျွမ်းကျင်ပညာရှင်တွေကိုခေါ်ဖို့ငွေတော်တော်​သုံးလိုက်တယ်။ရှီရှန်းနဲ့ရှမန်က​အနုပညာအသိုင်းအဝိုင်းမှာစိန်ခေါ်မှု​တွေနဲ့ရင်ဆိုင်နေရချိန်မှာ ထန်းရင်းက​တော့အနုပညာပါရမီပါတဲ့သူတွေကိုလိုက်ရှာနေတယ်။ပြီးတော့ရှီရှန်းမှာsystem​ပေးတဲ့ လုပ်စရာ Missionရှိသေးတယ်။

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now