Arc 4.9

2.4K 330 7
                                    

Unicode

"မိန်းကလေးချီနဲ့ ဒီမိန်းမငယ်လေးတို့က အသိတွေလား။ "

ချန်းရှင်းက အံ့ဩသွားတယ်။
ပတ်၀န်းကျင်​လေထုကတိတ်ဆိတ်​နေလို့ဒီအေးစက်မှုဖြိုခွဲနိုင်မဲ့နည်းလမ်းလိုက်ရှာ​နေရတယ်။ ဒီမိန်းမငယ်လေးက အရမ်းငယ်သေးပေမဲ့ သူမျက်လုံးထဲမှာတော့ သာမန်အထက်တန်းကျောင်းသူလေးမဟုတ်ဘူး။

"အာ သူကကျွန်မရဲ့ ဝမ်းကွဲညီမလေးပါ။ "

ချီမင်ယွဲ့ရဲ့ အသံပိစိလေးက ထွက်လာတယ်။
"ကပ္ပတိန်ချန်း တောင်းပန်ပါတယ်။ ကျွန်မညီမလေးကအရမ်းငယ်သေးတော့ ဆက်ဆံရေးသိပ်မကောင်းဘူး။ သူကြောင့်ပြသနာဖြစ်တယ်ဆိုပေမဲ့ သူများကိုထိခိုက်စေလိုတဲ့ဆန္ဒမရှိပါဘူး။ ကျွန်မပြောလိုက်ပါ့မယ်။ သူမအစားလည်း ကျွန်မကပဲတောင်းပန်ပါတယ်။  "

/တကယ်တော့ ဒီနားAnnလည်းတော်တော်လည်နေတာပါ။ Eထဲမှာကို ep5တုန်းက elder sisterလို့သုံးထားပြီး အခုကျyounger sisterဖြစ်သွားတာ /

' ဖာ့ခ်ပဲ။ ငါ့ရှေ့မှာတင် ငါ့ကိုမကောင်းကြံရဲတယ်။ ပြသနာတစ်ခုလုံးငါကစသလိုမျိုး ပြောပစ်လိုက်တယ်။ ကောင်းတယ် သိပ်ကောင်းတယ်။ ချီမင်ယွဲ့ မျက်နှာကိုချောဆီသုတ်ထားတဲ့ကောင်မ...အား... '

ချန်း  မျက်မှောင်ကြုတ်လိုက်မိတယ်။
' ချီမင်ယွဲ့ပြောပုံအရဆိုရင် သူကပြသနာမွှေတတ်တဲ့သူပဲ။ နည်းနည်းလည်း စိတ်သဘောထားသေးမဲ့ပုံ။ ပထမဆုံးဆွေးနွေးကတည်းက အဲ့လိုခံစားရပေမဲ့ ........  '

ချန်း  ကုနန်းကိုကြည့်လိုက်တယ်။ ခုထိကောင်းရန်လည်ပင်းကို ဓားနဲ့ထောက်ထားဆဲ။

'သူ့မျက်နှာလေးက နည်းနည်း....ဟင်း ကြင်နာတတ်မယ့်ပုံပါ ငါပဲအကဲခတ်မှားတာလား'

" ချီမင်ယွဲ့ မြန်မြန်ငါ့ကိုလွှတ်ပေးဖို့ ‌ပြောလိုက်စမ်း!!! "

ကောင်းရန် ဒေါသထွက်ထွက်နဲ့ ချီမင်ယွဲ့ကို ပိတ်ဟောက်လိုက်သည်။ ကုနန်း နည်းနည်းတော့ အံအားသင့်သွားတယ်။

' ကောင်းရန်က ချီမင်ယွဲ့ကိုသိနေပြီလား.? သူတို့ကသိပြီးသားဆို ကောင်းရန်က ဘာကိစ္စဒီမှာရှိနေရတာလဲ။ '

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now