Arc 3.32

2.7K 354 7
                                    

Unicode

အဲ့ဒီ​နေ့က​နေစပြီး​တော့ ယဲ့ချင်ချိုးရဲ့ဘ၀က အရှင်လတ်လတ်ငရဲကျနေသလိုခံစား​နေရတယ်
အဲ့ဒီလူကသူမကိုအသက်ဆက်ရှင်​နေ​အောင်ဘာနည်းလုံးသုံးထားလဲမသိ​ပေမယ့် သူမပါလုံ့ကျွယ်နဲ့အတူတူလိုက်​သေသွားရရင် ကောင်းမယ်လို့ ဆု​တောင်းမိတယ်

သူမကိုယ်တိုင်သူ့ကိုအလုပ်အ​ကျွေးပြုရသလို ​ချော​မောလှပတဲ့အပျိုစင်​လေး​တွေကိုလည်း ရှာ​ဖွေ​ပေးရ​သေးတယ်
သူက​ရေ၀ိညာဥ်​သွေး​ကြောပိုင်ဆိုင်တဲ့မိန်းက​လေး​တွေကိုပဲအသုံးပြုတာမဟုတ်​တော့ဘဲ အပျိုစင်မိန်းက​လေးတိုင်းကိုပါ ပစ်မှတ်ထားလာတယ်

ယဲ့ချင်ချိုးကထွက်​ပြေးဖို့ကြိုးစားခဲ့​ပေမယ့်လည်း အဲ့ဒီသူက သူမကိုအမြဲတမ်းပြန်ဖမ်းမိ​နေတယ်  ပြီး​တော့ထွက်​ပြေးတဲ့အတွက် ရတဲ့ပြစ်ဒဏ်ကလည်း မခံမရပ်နိုင်​အောင်နာကျင်ရတာမို့လို့ ​နောက်တစ်ကြိမ်ထွက်​ပြေးဖို့ မ​တွေးရဲ​တော့ဘူး

အမျိုးသား​တွေအများကြီးနဲ့ နှစ်​ပေါင်းများစွာဆက်ဆံထားပြီး စွမ်းအင်အ​မြောက်အများရှိ​နေတဲ့ သူမရဲ့ခန္ဓာကိုယ်က သူ့အတွက် နှစ်ရှည်လများ စွဲသုံးနိုင်တဲ့ အား​ဆေးတစ်ခွက်လိုဖြစ်​နေတာ​ကြောင့် သူမသာ သူ့စကားကိုနာခံ​နေသမျှ အသက်ရှင်လို့ရ​နေလိမ့်အုံးမယ် ကံဆိုးသွားသူ​တွေက​တော့ သူမပြန်​ပေးဆွဲလာ​ပေးရတဲ့ အဲ့ဒီအပျိုစင်​လေး​တွေပဲ  သူတို့ကမူလပုံစံမ​ပေါ်​တော့​အောင်ကို နှိပ်စက်အနိုင်ကျင့်ခံကြရပြီး ​သေဆုံးကုန်ကြတယ်

"အခုတ​လော မိန်းက​လေး​တွေအများကြီး​ပျောက်​နေကြတယ်​နော်  ငါကြားတာ​တော့ဒီကိစ္စက မ​ကောင်းဆိုး၀ားသခင်နားထဲထိ​ရောက်သွားလို့ စုံစမ်းဖို့အတွက်လူ​တွေလွှတ်လိုက်ပြီဆိုပဲ "

"ဟမ့်...... ဘယ်သူသိနိုင်မလဲ..ဒီကိစ္စက အဲ့ဒီမ​ကောင်းဆိုး၀ါး​တွေ လုပ်တာလဲဖြစ်ချင်​ဖြစ်​နေနိုင်တာပဲ.."

"ရှူး!!!.. ..မင်း ​သေချင်​နေပြီလား...အခုချိန်မှာကျင့်ကြံခြင်း​လောကကိုမ​ကောင်းဆိုး၀ါးမျိုးနွယ်စုကအုပ်ချုပ်​နေတာကွ ...​နောက်တစ်ခါ အဲ့လို​တွေမ​ပြောမိ​စေနဲ့...."

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now