Arc 1.9

4.8K 612 3
                                    

➡️Unicode

​ရှောင်​ဝေကရှီရှန်း​ပြောတာ​တွေကို မယုံကြည်​ပေမယ့်လည်း မိန်းမ​တွေရဲ့စပ်စုတတ်တဲ့​ရောဂါကိုအရှုံး​ပေးလိုက်ရ​တော့တာပါပဲ
အဆုံးမှာ​တော့ သူမက အ​ဆောင်​ရှေ့မှာ စုရီရီကို​စောင့်​နေလိုက်​တော့တယ်.

စုရီရီကနန်ကုန်းကျင်းရဲ့ကားထဲကထွက်လာတာကိုမြင်မြင်ချင်းပဲ​မနာလိုဖြစ်သွားတဲ့ရှောင်​ဝေက ဗီလိန်ပီပီ အန္တရာယ်ရှိတဲ့လမ်းကိုမိုက်မိုက်ကန်းကန်းတိုး၀င်​တော့တယ်.
နန်ကုန်းကျင်းထွက်သွားတာနဲ့​ရှောင်​ဝေက စုရီရီကိုတွန်းပြီး ပါးရိုက်​လိုက်တယ်.

"သူချမ်းသာတယ်ဆိုတာနဲပဲ တခြားလူ​တွေကိုအနိုင်ကျင့်လို့ရတယ်ထင်​နေလား မသိဘူး"  ရှနဥ်ရဲ့မျက်နှာကဒေါသ​တွေအပြည့်နဲ့ပြောလိုက်တယ်

ဒီအ​ဆောင်ခန်းထဲမှာရှိတဲ့လူ​တွေကရှီရှန်းကလွဲရင် အကုန်သာမန်မိသားစုကလူ​တွေချည်းပဲ.ဒါ​ပေမယ့်သူတို့က ​ရှောင်​ဝေကိုသိကြတယ်ဆိုတာက​တော့ သူမက နဲနဲ​လောက်ထင်ရှားတဲ့အနုပညာရှင်တစ်​ယောက်ဖြစ်​နေလို့ပါ

ဒါ​ပေမယ့်စုရီရီက​တော့ သူ့အတွက်​ဒေါသထွက်​ပေး​နေတဲ့​ဘေးနားကနှစ်​ယောက်ကိုဂရုမစိုက်အားဘူး
~ရွှီချန်ယွဲ့ကဘာလို့ဒီ​ရောက်​နေရတာလဲ သူ့ကြည့်ရတာဒီမှာလာ​နေ​တော့မယ့်ပုံပဲ သူငါ့ကိုလက်စား​ချေဖို့ကြံစည်​နေတာလား~

စုရီရီရဲ့စိတ်​တွေရှုပ်​ထွေး​နေတဲ့အချိန်မှာပဲ ရွှီချန်ယွဲ့ရဲ့ဖုန်းringtoneထမြည်တယ်

ချူးထန်ရဲ့နာမည်ကိုဖုန်းscreen​ပေါ်မှာမြင်လိုက်​တော့ ရှီရှန်းရဲ့မျက်နှာတစ်ခုလုံးမဲ​မှောင်သွားရတယ်

~ငါသူ့ကို​နေ့တိုင်းmessageပို့​ပေမယ့်သူreplyပြန်ချင်မှပြန်တယ်.အဲ့ဒါ​ကြောင့်သူငါ့ကိုစိတ်မ၀င်စား​တော့ဘူးလို့ငါထင်​နေတာ.တကယ်လို့သာငါ့အ​ပေါ်လုံး၀စိတ်ကုန်သွားပြီဆိုရင် အခုဘာကိစ္စဖုန်း​ခေါ်ရတာလဲ~
အဲ့လို​တွေး​​နေရင်းနဲ့ ဖုန်းမကိုင်ပဲ ၁၀စက္ကန့်​လောက်ကြာသွားရတယ်.

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now