Arc 2.12

3.6K 456 1
                                    

➡️Unicode


ရှန်ပိန်ပါတီ ပြီးတဲ့အချိန်ကစပြီး​တော့ လုချင်းယွင်ဘက်က ဘာမလှုပ်ရှားရ​သေးဘူး.

ဒါ​ပေမယ့် ရှီမိုက​တော့ ရှီရှန်းကိုအခက်အခဲ​တွေနဲ့စတင် ရင်ဆိုင်​နေရ​စေတယ်

ထန်းရင်းက ပါတီမှာဘာဖြစ်ခဲ့တယ်ဆိုတာကိုမသိတဲ့အတွက် ကျန်း၀မ်အ​ပေါ် companyရဲ့ ရုတ်တရပ်သ​ဘောထား​ပြောင်းလဲမှုကိုနားမလည်နိုင်ခဲ့ဘူး.

ရှီရှန်းဆီက အကျိုးအ​ကြောင်းပြန်ကြားပြီးတဲ့အခါမှာ​တော့ ထန်းရင်းက ​ရေချိုးခန်းထဲမှာ တိတ်တိတ်​လေးသွားငိုချင်လာတယ်

~အပုပ်ချတဲ့ ​ကောလဟာလ​တွေဆိုရင် ရက်အနည်းငယ်​လောက်ကြာတဲ့အခါမှာ ​ဖြေရှင်းလို့ပြီးနိုင်တယ် ဒါ​ပေမယ့်...companyပိုင်ရှင်ကို ရန်သွားစလိုက်တယ်တဲ့လား  အနုပညာအသိုင်းအ၀ိုင်းမှာ ဆက်​နေဖို့ခက်ခဲတော့မယ် ~

အမူအရာမ​ပြောင်းမလဲဘဲထိုင်​နေတဲ့ရှီရှန်းကို ကြည့်မိတဲ့အခါမှာ ထန်းရင်းက ငိုချင်သလိုလို ရီချင်သလိုလိုဖြစ်သွားတယ်

~မင်း​တော့ ဒီ​လောကကြီးမှာ ဆက်​နေဖို့ ခက်ခဲ​တော့မယ်​လေ ဘယ်လို​တောင်​အေး​ဆေး​နေနိုင်ရတာလဲ~

''​ရှေ့ဆက်ပြီး ဘာလုပ်မယ်လို့​တွေးထားလဲ"

တုံးဖန်အင်တာတိန်းမန့်နဲ့ စာချုပ်သက်တမ်းက ၂နှစ်ခွဲ​တောင်ကျန်​သေးတယ.

Companyကသူတို့အတွက် သရုပ်​ဆောင်ဖို့​​နေရာမ​ပေးလို့ ထန်းရင်းကိုယ်တိုင်ရှာ​ပေးမယ်ဆိုရင်​တောင် ဘယ် ဒါရိုက်တာ​တွေက တုံးဖန်း ကိုဆန့်ကျင်ပြီးသူတို့ကို ကူညီရဲမှာလဲ

ရှီရှန်းက​ဖြေလိုက်တယ်

"ကျွန်မတို့​စောင့်ကြတာ​ပေါ့"

"​စောင့်မယ် ဟုတ်လား...!!!!!"

~ဘာကို​စောင့်မှာလဲ မင်းရဲ့ငယ်ဘ၀ကြီးတစ်ခုလုံး ကုန်ဆုံးသွားတာကို​စောင့်မှာလား?~

အနုပညာရှင်​တွေရဲ့​အောင်မြင်မှုက သူတို့ရဲ့ ငယ်ရွယ်မှုနဲ့ဆက်စပ်​နေတယ် ၁နှစ်၂နှစ်​လောက် တိမ်မြုပ်​နေမယ်ဆိုရင်​တောင် ပြန်ပြီး​ကျော်ကြားလာဖို့ဆိုတာ မဖြစ်နိုင်​တော့တဲ့ကိစ္စပဲ

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now