Arc 4.4

2.4K 339 3
                                    

Unicode

မားမားကုက ပါးပါးကုဘေးနားမှာ ရပ်နေတာဖြစ်တယ်။ ပါးပါးကုရဲ့ခေါ်သံကိုကြားတဲ့အခါ မားမားကုဟာလည်း လှည့်ကြည့်လာသည်။ ကုနန်းရဲ့ မျက်နှာကို မြင်လိုက်ရတဲ့အခါ စိုးရိမ်ပူပန်မှုတွေမပါဘဲ အံသြမှုတွေသာ ဖြစ်ပေါ်လာတယ်။

"ရီ? နင်ပါးပါးကုနဲ့မားမားကုကို သိနေတာလား"
ကလေးမျက်နှာနဲ့သူက ကုနန်းကို အံသြစွာမေးလိုက်တယ်။
'ငါကယ်လိုက်တဲ့သူက ဒီအုပ်စုထဲကသူတွေနဲ့ အသိတွေလား?? '

ကုနန်းကအေးစက်စွာ ရယ်လိုက်တယ်။
"ဒါပေါ့ ငါသေချာပေါက်သူတို့ကိုသိတာပေါ့။  ငါ့မိဘတွေပဲလေ။ "

"မိဘတွေ?"
' ဒါဆို ဘာလို့နင် ဒီလောက်အေးစက်ပြီး စိတ်ပျက်နေတဲ့လေသံကြီးနဲ့ ပြောနေတာလဲ?? '

"ရှောင်နန်း နင်ပြန်လာ__"

ပါးပါးကုစကားမဆုံးခင်မှာပဲ မားမားကုဖြတ်ပြောလိုက်တယ်။ သူမရဲ့မျက်နှာမှာ တစ်ခုခုကိုစိုးရိမ်နေပြီး ဒေါသထွက်နေတဲ့ပုံရိပ်လည်း ပေါ်နေတယ်။

"ကောင်မစုတ်လေး နင်ညလယ်ကြီး ပျောက်သွားတော့ ငါတို့‌ဘယ်လောက်လိုက်ရှာရ ခက်ခဲ့လည်းသိရဲ့လား ငါတို့ဘယ်လောက်စိတ်ပူနေမယ်ဆိုတာ မတွေးခဲ့မိဘူးလား? "

မားမားကုရဲ့မျက်နှာကချက်ချင်းပဲ မျက်ရည်တွေနဲ့ပြည့်လာပြီး ရှိုက်ကြီးတငင် ငိုတော့တယ်။

"ပြန်ဆုံပြီဆိုတော့ မားမားနဲ့ပါးပါးတို့ဘေးမှာဘဲ နေတော့ ငါတို့ကာကွယ်ပေးမယ်။ "

"တော်ပါ။  ကိုယ့်သမီးအရင်းကို စွန့်ပစ်ခဲ့ပြီး သူစိမ်းနောက် ကောက်ကောက်ပါအောင် လိုက်သွားတဲ့ မိဘမျိုးကို မလိုအပ်ပါဘူး "

'ငါ့ကိုများ နင်တို့ကဘေးနားမှာ အရုပ်အနေနဲ့ထားပြီး ကစားချင်သေးတယ်ပေါ့။  အိမ်မက်ထဲမှာပဲ ရမယ်။'

မားမားကု ထင်ထားတာက ခုချိန်မှာ တစ်ယောက်တည်းမို့ အသက်ရှင်ဖို့အတွက် သူတို့နားလာကပ်မယ်လို့လေ။  မူလဝတ္ထုအရလည်း ကုနန်းဟာတကယ်ကြီး သူတို့နောက်‌တကောက်ကောက် လိုက်ကပ်ခဲ့ပါတယ်။ ဒီချိန်မှာတော့ မဟုတ်ပေမဲ့လည်း မြို့တော်Cသို့ သွားရာလမ်းမှာဖြစ်တယ်။

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now