Arc 2.16

3.4K 447 1
                                    

Unicode

ရှီရှန်းရဲ့ complainတက်မှုကမ​အောင်မြင်တဲ့အတွက် လူသစ်​လေး၄​ယောက်ကိုပါ ရှိုးကို​ခေါ်လာခဲ့ရတယ်
ရှီရှန်း​ခေါ်လာတဲ့အဖွဲ့မှာလူ၄​ယောက်ပါပြီး​တော့ မိန်းက​လေး၂​ယောက်​ ယောက်ျား​လေး၂​ယောက်ပါ၀င်တယ်
ဒီလို အဖွဲ့ဖွဲ့စည်းပုံက ​အောင်မြင်ဖို့အခွင့်အ​ရေးသိပ်မရှိတာမို့လို့ အခု​ခေတ်မှာမြင်ရခဲတယ်
ဒါ​ပေမယ့် ရှီရှန်းတို့companyက​တော့ ဒီအဖွဲ့ကို​သေချာဆုံးဖြတ်ပြီးမှဖွဲ့စည်း​ပေးထားတာဖြစ်ပြီး ၄​​ယောက်လုံးက ရုပ်ရည်​ချော​မောကြတယ်
အချိန်အ​တော်ကြာ​အောင် အတူတကွ​လေ့ကျင့်ပြီးတဲ့​နောက်မှာ​တော့ သူတို့၄​ယောက်က အချင်းချင်းနားလည်လာကြပြီး ကူညီရိုင်းပင်းစိတ်လည်းရှိကြတာ​ကြောင့် companyက ဒီအဖွဲ့ကို ပွဲထုတ်​ပေးလိုက်ခဲ့တယ်

ရှိုးရဲ့ဒါရိုက်တာက ရှီရှန်းကို အ​ပြေးအလွှားလာနှုတ်ဆက်ပြီး သူမနဲ့ပါလာတဲ့ လူသစ်​လေး၄​ယောက်ကိုမြင်တဲ့အခါမှာ​တော့သူ့မျက်လုံး​တွေ အ​ရောင်လက်သွားတယ်
"​ရှောင်၀မ်....မင်း​ရောက်ပြီလား...အိုးဟိုးဟိုး လက်စသတ်​တော့​ရှောင်၀မ်က လူသစ်​လေး​တွေ​ခေါ်လာတာကိုး...."
~ဒီက​လေး​တွေက ​တော်ရုံတန်ရုံလှတာမဟုတ်ဖူးဟ!!!!!~
"အင်း...သူတို့​တွေအ​တွေ့အကြုံယူရ​အောင်လို့​ခေါ်လာ​ပေးတာ"
ရှီရှန်းက နှစ်ဖက်လူ​တွေကိုမိတ်ဆက်​ပေးလိုက်တယ်
"သူက ဒီအစီအစဥ်ရဲ့ ဒါရိုက်တာလင်းပဲ
ဒါရိုက်တာ​လင်း..... သူတို့က ကျွန်မတို့companyက လူသစ်​လေး​တွေ
ဟန်လင်း ,ဖန်ကျင်းယွီ,ယန်းကျဲ့  နဲ့  ကျန်းမင် တို့ပါ "
"မင်္ဂလာပါ ဒါရိုက်တာလင်း"အသစ်​လေး​တွေက ချစ်စရာ​ကောင်းစွာနှုတ်ဆက်လိုက်ကြတယ်
"​ကောင်းတယ် ..., သိပ်​ကောင်းတယ်"
ဒါရိုက်တာလင်းက ရယ်​မောပြီး ​ခေါင်းငြိမ့်လိုက်တယ်
သူက ​​ချော​မောတဲ့ သရုပ်​ဆောင်အသစ်​လေး​တွေရှာတဲ့​​နေရာမှာ အဆင်မ​ပြေလို့ စိုးရိမ်​နေခဲ့ရတာ အခု​တော့ သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ကို​ရောက်လာကြပါလား
~ကျန့်၀မ်က တကယ့်ကို ငါ့ရဲ့လာဘ်​ကောင်​လေးပဲ ငါဒုက္ခ​ရောက်​နေတိုင်းသူမက ​ကောင်းကျိုး​တွေသယ်လာ​ပေးတယ်~

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now