Arc 2.30

3.4K 410 1
                                    

Unicode

ရှီရှန်းက သူမရဲ့လူ​တွေကို ကျန်းမိသားစုကို​စောင့်ကြည့်ဖို့လွှတ်ထားတာမို့လို့သူတို့ဘက်က ဘာလုပ်လုပ် သူမကအကုန်ပြန်သိရတယ်

ဟူရှိုးကို သူတို့ကိစ္စနဲ့ပတ်သတ်ပြီးအကူအညီ​တောင်းတဲ့အခါသူက တုန့်ဆိုင်းခြင်းမရှိဘဲသ​ဘောတူလိုက်တယ်ရှရွှမ်းရဲ့ကိစ္စ​ကြောင့်မို့လို့သူ့ရဲ့ studioက လူသိများလာခဲ့ရတာဖြစ်တယ် အခုဆိုရင်သူ့သတင်း​တွေရဲ့တန်ဖိုးကလည်း  မြင့်သည်ထက်မြင့်လာတယ် သူက တခြားလူ​တွေရဲ့​တောင်းဆိုမှုကို သိပ်လက်ခံ​လေ့မရှိ​ပေမယ့် ရှီရှန်းက​တော့ တခြားလူ​တွေနဲ့ကွဲပြားတယ် ရှီရှန်း​ကြောင့်သာသူက ဒီလို​နေရာမှာရပ်တည်နိုင်လာခဲ့တာ ဖြစ်တယ်
ဒါ​ကြောင့်မို့သူက ရှီရှန်းကိုကူညီဖို့ဆိုရင် ဘာကိစ္စကိုမဆို လုပ်​ပေးဖို့ ဆန္ဒရှိတယ်
ဟူရှိုးက သတင်း​ထောက်အချို့ကို​ခေါ်ပြီး ကျန်းယွမ်ဆီကို သွား​တွေ့ခိုင်းတယ်
ဒီသတင်း​ထောက်အများကြီး ကိုမြင်လိုက်ရတဲ့ အခါမှာ ကျန်းယွမ်က စိတ်လှုပ်ရှားသွားပြီး ရှီရှန်းကို အလဲထိုးနိုင်​တော့မယ်လို့ ထင်လိုက်တယ်
'အရည်အချင်းတချို့ရှိ​နေရင်​တောင်  သူမက မိန်းမတစ်​ယောက်ပဲ​လေ ဒီလိုမိရိုးဖလာနိုင်ငံမျိုးမှာ သစ္စာမဲ့ခြင်း၊သားသမီး၀တ္တရားမ​ကျေပွန်ခြင်း၊လူသားမဆန်ခြင်း နဲ့ မရိုး​ဖြောင့်ခြင်းတို့က  အပြစ်ကြီး​တွေပဲ ဒီထဲကတစ်ခုခုကိုချိုး​ဖောက်မိမယ်ဆိုရင် လူအများရဲ့အပြစ်တင်​ပြောဆိုခြင်းကိုခံရလိမ့်မယ်'
ကျန်းယွမ်ကသူ့အ​တွေးထဲမှာ  သူ​ပျော်​နေတယ် အနုပညာ​လောကကဘယ်လို​နေရာမျိုးလဲဆိုတာကိုသူနားမလည်ဘူး သူ့ရဲ့​မွေးရပ်​မြေမြို့ငယ်​လေးနဲ့ဘယ်လိုယှဥ်​တွေးလို့ရနိုင်မှာ လဲ
ကျန်းကျိန်ကျိန်ကဒီကိစ္စနဲ့ပတ်သတ်ပြီးသံသယဖြစ်တာ​ကြောင့် နည်းနည်း​လောက်တုန့်ဆိုင်းသွားခဲ့​ပေမယ့်  သူ့အ​ဖေကို မတားခဲ့ဘူးသူတို့​တွေက သတင်း​တွေကို​စောင့်​နေခဲ့​ပေမယ့် ဘာမှမတက်လာပြန်ဘူး ​နောက်တစ်ရက်​စောင့်တယ်ဘာမှတက်မလာ​သေးဘူး ​နောက်ထပ်ထပ်​စောင့်တယ် ဘာမှတက်မလာ​သေးဘူး
'တစ်ခုခု​တော့မှား​နေသလိုပဲ'
ရှီရှန်းကဘာမှထိခိုက်​နေတဲ့အပြင် ​နောက်ထပ်​နောက်ထပ်​သော Pre-wedding photo​တွေနဲ့ ပိုက်ဆံ ပုံ​တွေကို တင်​နေတုန်းပဲ​
နောက်ထပ်ရက်အ​တော်အတန်ကြာသွားတဲ့အခါမှာ​တော့ ရှီရှန်းရဲ့ *ခင်ပွန်း​လောင်းအား ကြွား၀ါခြင်း*ဆိုတဲ့၀ါသနာက အဆုံးသတ်သွားတယ်
အဲ့ဒီရက်​တွေမှာသူမက ပိုက်ဆံအပုံလိုက်ရဲ့ဓါတ်ပုံ​တွေနဲ့ postတိုင်းကို အဆုံးသတ်တယ် အသားလုံး​လေးရဲ့fan​တွေက *ခင်ပွန်း​လောင်းအားကြွား၀ါခြင်း*ဆိုတဲ့၀ါသနာကို ကျင့်သားရကုန်ကြပြီ
သူမရဲ့ကြွား၀ါမှုကိုအပြစ်တင်တဲ့ ၁​ယောက်၂​ယောက်​လောက်​တော့ရှိ​ပေမယ့်လည်း သူမကို ​ကောင်းချီး​ပေးတဲ့​ထောင်​သောင်းမက​သော comment​တွေကြားမှာ​ပျောက်ကွယ်သွားရတယ်ကျန်းယွမ်တို့​စောင့်​နေကြတုန်းမှာပဲ online​ပေါ်မှာသတင်းတစ်ပုဒ်ပေါ်လာခဲ့တယ် ကံဆိုးတာက​တော့အဲ့ဒီသတင်းကသူတို့​မျှော်လင့်ခဲ့သလိုမျိုး ဖြစ်မလာခဲ့ဘူး
သတင်းရဲ့အဓိကအ​ကြောင်းက​တော့ လူတစ်​ယောက်နဲ့သူ့မိသားစုက ညီငယ်ရဲ့ ပိုင်ဆိုင်မှု​တွေကို လက်၀ါးကြီးအုပ်ထားပြီး သူတို့ရဲ့တူမ​လေးကိုပါ နှိပ်စက်ညှင်းပန်းတယ် တူမ​လေးက အိမ်ကထွက်​ပြေးပြီး သူ့အားသူကိုးကာ companyတည်​ထောင်နိုင်ခဲ့တယ်
အဲ့ဒီcompanyကအ​တော်အတန်​အောင်မြင်သွားတဲ့အခါမှာသူတို့မိသားစုက companyအထိလာပြီး ပိုင်ဆိုင်မှု​တွေကို​တောင်းဆိုတယ်ဆိုတဲ့ အ​ကြောင်းပဲ
ဟူရှိုးရဲ့အ​ရေးအသားစွမ်းရည်က လုံး၀ကျမသွားခဲ့ဘူးသူ့studioရဲ့နာမည်​အောက်​ကြေညာလိုက်တဲ့သတင်းဖြစ်တာ​​ကြောင့်  onlineအသုံးပြုသူ​တွေက ​သေချာ​ပေါက်ယုံကြည်ကြတယ်  မကြာခင်မှာပဲ သတင်းထဲမှာ​​ဖော်ပြထားတဲ့အချက်အလက်​တွေကိုစု​ပေါင်းပြီး ကျန်းယွမ်တို့မိသားစုအ​ကြောင်းကို စတင်စုံစမ်းကြ​တော့တယ်
သူတို့ရဲ့ဇာတိမှာ ကျန်း၀မ်ကိုသိကြတဲ့လူ​တွေအများကြီးပဲ​လေ 
ဒါ​ပေမယ့် သူတို့က ကျန်းမိသားစုရဲ့က​လေးတစ်​ယောက်က ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်လာတာကိုသာသိပြီး ​နောက်ကွယ်က အ​ကြောင်းအရာအ​သေးစိတ်ကို​တော့ မသိကြဘူး
သူတို့မိသားစုနဲ့အ​တော်ရင်းနှီးတဲ့သူ​တွေကပဲ ကျန်း၀မ်ရဲ့ဘ၀က ကံဆိုးတယ်ဆိုတာကို သ​ဘော​ပေါက်ကြတယ်
သူမအသုံးပြုတဲ့အရာတိုင်း ...ဥပမာ - သူမရဲ့အ၀တ်အစား​တွေက ကျန်းကျိန်ကျိန်အသုံးပြုပြီးသား အ​ဟောင်း​တွေသာဖြစ်တယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now