Arc 1.14

4.9K 573 5
                                    


➡️Unicode

နန်ကုန်ကျင်းကလျင်လျင်မြန်မြန်ရောက်လာခဲ့တယ်။.

လင်းဟောက်ကသူနဲ့စကားပြောတဲ့လူတွေအနားကထွက်လာခဲ့ပြီးနေရာအနှံ့စုရီရီကိုလိုက်ရှာနေတာနဲ့ပဲအလုပ်ရှုပ်နေတယ်။

လင်းဟောက်နဲ့နန်ကုန်ကျင်းကိုwaiterတစ်​ယောက်က စုရီရီ နားနေခန်းကိုလျှောက်သွားတာတွေ့လိုက်တယ်လို့ပြောလိုက်မှပဲ နှစ်ယောက်လုံးက နားနေခန်းကိုအလျင်အမြန်ပြေးသွားကြတယ်

ရှီရှန်းကလည်းအခွင်အ​ရေးကိုလက်လွှတ်မခံဘဲသူတို့နောက်ကနေလိုက်သွားလိုက်တယ် ရှောင်ဝေလည်း ခနလောက်တော့တုန်လှုပ်​သွား​ပေမယ့် စုရီရီကိုစိတ်ပူလာပြီးလိုက်ရှာခဲ့တယ်.

သူမသာစုရီရီရဲ့ဖုန်းနဲ့ နန်ကုန်းကျင်းဆီကိုစာမပို့ခဲ့ဘူးဆိုရင်ဒီကိစ္စမှာပါနေမှာမဟုတ်ဘူး။ ရှီရှန်းနဲ့​ရှောင်​ဝေတို့က နန်ကုန်းကျင်းတို့​နောက်ကိုလိုက်သွားပြီးတဲ့​နောက်မှာ ​စုရီရီကိုဆေးခတ်ခိုင်းတဲ့မိန်းက​လေးက မူးလဲဟန်​ဆောင်လိုက်တာ​ကြောင့် လူ​တွေကသူမကို နား​နေခန်းထဲကို တွဲပို့ဖို့ ပြင်ဆင်လိုက်ကြတယ် ဒီမှာကနားနေခန်းတွေအများကြီးရှိတယ်

လူတိုင်းကပင်ပန်းလာပြီဆိုရင် ကြိုက်တဲ့နားနေခန်းကိုသွားပြီးအနားယူနိုင်တယ်

နန်ကုန်ကျင်းက စုရီရီက နားနေခန်းတစ်ခုမှာဆိုတဲ့စာတစ်စောင်သာရခဲ့ပြီး ဘယ်အခန်းလဲဆိုတာတိတိကျကျဖော်မပြထားလို့ တစ်ခန်းပြီးတစ်ခန်းဝင်စစ်ဆေးနေရုံဘဲရှိတယ်

နန်ကုန်ကျင်းနဲ့လင်းဟောက်ရဲ့ပြာယာခတ်​နေတဲ့ပုံစံကို နားနေခန်းတိုင်းကလူတွေကအာရုံစိုက်မိလာကြတယ်

စုရီရီက နောက်ဆုံးနားနေခန်းကိုရည်ရွယ်ချက်ရှိရှိခေါ်သွားခံရတာဖြစ်လို့ အခြားနားနေခန်းမှာရှိတဲ့သူတွေကလည်းဘာဖြစ်နေတာလဲဆိုတာ ကြည့်ဖို့ထွက်လာကြတယ်

နောက်ဆုံးအခန်းရဲ့တံခါးနားရောက်တဲ့အခါမှာတော့ အခန်းထဲကနေ ညည်းညူနေတဲ့အသံထွက်လာခဲ့တယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now