Arc 1.4

5.8K 729 2
                                    

➡️Unicode

ရွှီချန်ယွဲ့ကနန်ကုန်းအိမ်​တော်ရဲ့ပုံစံကိုအလွတ်​နေရပြီဖြစ်လို့ရှီရှန်းအတွက်လဲချူးထန်းကိုသုံးလွှာမှာရှိတဲ့နန်ကုန်းကျင်းရဲ့အိပ်ခန်းဆီ​ခေါ်သွားဖို့လွယ်ကူတယ်

"ချန်ယွဲ့ အင်!!!ဒါက ဘယ်သူလဲ?" ၃လွှာမှာရှိ​နေတဲ့လန်ရွှယ့်ကချူးထန်းကိုမြင်လိုက်​တော့ အံ့သြသွားတယ်


~ဒီလူက မိုက်လိုက်တာ. နန်ကုန်းကျင်းမိုက်တာထက်အဆတစ်​သောင်း​လောက်ကိုပိုမိုက်တယ်.ဒီ​လောက်လန်းတဲ့လူကိုငါအခုမှဘာလို့မြင်ရတာလဲ~

လန်ရွှဲ့ရဲ့အပြုအမူကိုမြင်လိုက်တဲ့အခါမှာ ချူးထန်းကခပ်ရွဲ့ရွဲ့ပြုံးလိုက်တယ်
အဲ့ဒီအပြုံးတစ်ချက်ကလူတစ်​ယောက်ကိုရူးရူးမိုက်မိုက်ဖြစ်သွား​စေနိုင်​လောက်​အောင်​မှော်ဆန်လွန်းတယ်

ရှီရှန်းကချူးထန်ရဲ့​ရှေ့မှာရပ်​နေတာဖြစ်ပြီးသူ့ကို​နောက်​ကျော​​ပေးထားတာဖြစ်လို့ ချူးထန်ရဲ့မျက်နှာအမူအရာကိုမမြင်လိုက်ရဘူး
တကယ်လို့ရှီရှန်းသာသူ့မျက်နှာကိုမြင်လိုက်ရင် "နှာဘူး!!!!!" လို့​ပြောလိုက်မိမှာအ​သေအချာပဲ

"ငါနန်ကုန်းကျင်းကိုရှာမ​တွေ့လို့ အခုသွားရှာ​တော့မလို့လုပ်​နေတာ​လေ နင်​ရောလိုက်အုံးမလား" ~လူများ​လေမျက်မြင်သက်​သေများ​လေပဲ​ပေါ့~

ချူးထန်လိုခပ်မိုက်မိုက်​ယောက်ျားတစ်​ယောက်လဲရှိ​​နေတာဖြစ်လို့ လန်ရွှယ့်ကတုံ့ဆိုင်းခြင်းမရှိပဲ သ​ဘောတူလိုက်တယ်

"Um. Hi ကျွန်..ကျွန်မကလန်ရွှယ့်ပါ"

လန်ရွှယ့်အခုဖြစ်​နေတဲ့စိတ်ကိုသာ ရှီရှန်းသတိမထားမိဘူးဆိုရင်သူမတကယ်ကိုတုံးအတဲ့လူဖြစ်သွားလိုက်မယ်
~လန်ရွှယ့်​ရေ နင်​ကြွေ​နေတဲ့ဒီလူက နှာဘူးအကြီးစား​နော် နင်​တော်​တော်သတ္တိရှိတာပဲ~

ရှီရှန်းကသူ့ကို နှာဘူးလို့သတ်မှတ်ထားတာကိုသိရင် "ငါလဲဘာမှမလုပ်ပဲနဲ့ ဘာကိစ္စနှာဘူးအကြီးစားဖြစ်သွားရတာလဲ"ဆိုပြီးသူ့​အော်ငိုသွားလောက်မယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now