Arc 3.2

3.4K 406 8
                                    

Unicode

ကျင့်ကြံခြင်း​လောကမှာ ၀ိညာဥ်​သွေး​ကြောပါတဲ့ သူတိုင်းကကျင့်ကြံလို့ရတယ်
သူတို့က နာမည်​ကျော်ဂိုဏ်းကြီး​တွေရှိတဲ့​နေရာမှာ ​မွေးဖွားလာခဲ့တာမဟုတ်ဖူးဆိုရင်​တောင် အဲ့ဒီဂိုဏ်းကြီး​တွေဆီကို လိုလိုချင်ချင်သွားကြတယ်
အဲ့ဒါ​ကြောင့် ဒီ​လောကရဲ့ အဓိကအချက်က​တော့ အင်အားကြီးတဲ့သူကသာ အဆက်မပြတ်အင်အားကြီး​နေမယ်ဆိုတာပါပဲ
၃နှစ်ကြာတိုင်းမှာ မြူခိုးတောင်ဂိုဏ်းက ​သေမျိုး​လောကကို လူသစ်​တွေစု​ဆောင်းဖို့ သွား​လေ့ရှိတယ်
လူသစ်စု​ဆောင်းဖို့သွားတိုင်းမှာ ဂိုဏ်းကလူ​​ဟောင်းတွေအများကြီးကို ​ခေါ်သွားရ​လေ့ရှိ​ပေမယ့် သူတို့နဲ့အတူပြန်ပါလာတဲ့တပည့်အသစ်​တွေက​တော့ နည်းပါးလွန်းတယ်
ရှင်းရှင်း​ပြောရမယ့်ဆိုရင်​တော့ ၁၀​ယောက်​လောက်သွားကြတဲ့တပည့်​ဟောင်းအုပ်စုကြီးက​ခေါ်လာနိုင်မယ့် တပည့်အသစ်ဆိုတာ ၁​ယောက်​တောင်ရှိချင်မှရှိလိမ့်မယ်
ဒီအ​ခြေအ​နေကိုကြည့်လိုက်မယ်ဆိုရင် ​သေမျိုး​လောကမှာရှိတဲ့ ၀ိညာဥ်​သွေး​ကြောပိုင်ရှင်​တွေဆိုတာ အရမ်းကိုနည်းပါးလွန်းတယ်
ရလာမယ့်ကျင့်ကြံသူအ​ေရအတွက်ကနည်းပါးလွန်းတယ်ဆိုရင်​တောင်  သူတို့​တွေက ဘာလို့ ​သေမျိုး​လောကကိုဘာလို့သွားရှာ​နေရ​သေးတာလဲ?
အ​ဖြေကရှင်းရှင်း​လေးပါ....
ကျင့်ကြံခြင်း​လောကမှာ အင်အားကြီးမားလာတဲ့အ​ကျော်အ​မော်​တွေအားလုံးရဲ့အ​ရေအတွက်ထက်၀က်နီးပါးဟာ ​​သေမျိုး​လောကကလာခဲ့သူ​တွေဖြစ်​နေတယ်
ချီစွမ်းအင်နည်းပါးလွန်းတဲ့​သေမျိုး​လောကက​နေ ဒီလိုပါရမီရှင်​တွေဘာ​ကြောင့်ထွက်​ပေါ်လာရသလဲဆိုတဲ့ အ​ကြောင်းအရင်းကိုဘယ်သူမှရှာမ​တွေ့နိုင်ခဲ့​သေးပါဘူး
လူသစ်​တွေအများကြီးရနိုင်ဖို့​မျှော်လင့်ချက်မရှိနိုင်​ပေမယ့်လည်း ဂိုဏ်းကြီး​တွေက​တော့အဲ့ဒီအ​ကြောင်း​ကြောင့်မို့လို့ ​သေမျိုးကမ္ဘာကို တပည့်သစ်စု​ဆောင်းဖို့သွား​နေကြတုန်းပဲ
ဒါ့အပြင် သူတို့လွှတ်လိုက်တယ့် တပည့်အ​ဟောင်း​တွေကလည်း ​သေမျိုး​လောကမှာသာကြုံ​တွေရမယ့်အ​တွေ့အကြုံ​တွေကိုရရှိနိုင်တယ်
စာ​ရေးသူ​ရောစာဖတ်သူ​ရော ဖြစ်တဲ့ရှီရှန်းက ဒီလို​*ပေါက်တက်ကရ *၀တ္ထု​တွေအများကြီး sorry ....ငါ​ပြောတာက..ကျင့်ကြံခြင်း၀တ္ထု​တွေ အများကြီးကို ဖတ်ဖူးပါတယ်
ကျင့်ကြံခြင်း၀တ္ထု​တွေရဲ့ဇာတ်​ကြောင်းကို​ရေးသားရတာက ခက်ခဲသလို ဇာတ်အိမ်လည်းကြီးမားပါတယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now