Arc 3.29

2.5K 336 2
                                    

Unicode

ရှီရှန်းကခနလောက်တော့စိတ်ဓာတ်ကျသွားတယ်
'ဆရာယွီရှောင်းကသေပြီဆိုတော့ငါကမစ်ရှင်ကိုအောင်မြင်တာလားကျရှုံးတာလား,သူသေသွားတာကသူ့ကံတရားကြောင့်ပဲဆိုတော့ငါလည်းဘာမှမပြောင်းလဲလိုက်ရဘူးလေ'

သူမကsystemနဲ့ခနလောက်စကားပြောနေသေးတယ်
systemက
ဆရာ့ရဲ့ကံတရားကိုမပြောင်းလဲလိုက်နိုင်ပေမဲ့သူမရဲ့လုပ်ဆောင်ချက်တွေအရဆိုရင်မစ်ရှင်အောင်မြင်တယ်လို့ယူဆလိုက်တယ်

ရှီရှန်းကခနလောက်တိတ်ဆိတ်သွားတယ်သူမစိတ်ထဲမှာဘာတွေးနေတယ်ဆိုတာဘယ်သူမှမသိကြဘူး
သူမအတွေးက​နေလွတ်​မြောက်လာတဲ့အချိန်မှာလုံ့ကျွယ်နဲ့ကျန်းဖုန်းနဲ့ကတိုက်ခိုက်ပြီးသွားပြီးလုံ့ကျွယ်နိုင်သွားတယ်
ကျန်းဖုန်းက
တော့ရှုံးသွားတာ​ကြောင့်ရလဒ်အနေနဲ့လုံ့ကျွယ်ကသွားရမယ်

ရှီရှန်းကဘေးနားမှာရပ်ကြည့်နေတဲ့ယဲ့ချင်ချိုးကိုကြည့်လိုက်တယ်သူမရဲ့နှုတ်ခမ်းတွေကပြုံးနေတယ်

'ဆိုတော့....ဒီနှစ်ကောင်ကပေါင်းသွားပြန်ပြီလား..ပွဲကတော့ခက်ခဲတော့မှာပဲ'

ကောင်းကင်ဘုံရဲ့စစ်တပ်က၃ရက်ကြာရင်ထွက်ခွာမှာဖြစ်တယ်

ဘယ်လိုပဲဖစ်ဖြစ်လုံ့ကျွယ်ကကောင်းကင်ဘုံကနေစစ်သား​တွေသောင်းချီပြီးတော့ထွက်သွားပေမဲ့သူတို့ကမကောင်းဆိုးဝါးဘုရင်ရဲ့ချုံခိုတိုက်ခြင်းကိုခံလိုက်ရတယ်မကောင်းဆိုးဝါးတွေကအစကတည်းကပြင်ဆင်လာကြပြီးသားဖြစ်လို့လုံ့ကျွယ့်နဲ့သူ့ရဲ့စစ်တပ်ကလွတ်ပေါက်မရှိအောင်တိုက်ခံရပြီးအဆုံးမှာတော့သူတို့ကကောင်းကင်ဘုံဆီပဲအရှက်ရစွာပြန်လာခဲ့ကြတယ်

"အသုံးမကျတဲ့စစ်သူကြီးပဲ"
ကျန်းဖုန်းကိုထောက်ခံအားပေးတဲ့သူတွေကအခွင့်အရေးယူပြီးတော့သူ့ကိုအပုပ်ချကြတယ်
သူတို့ကစစ်သူကြီးကိုလဲပေးဖို့စပြီးတော့အငြင်းပွားကြတော့တယ်

လုံ့ကျွယ်ဘက်ကနေရပ်တည်ပေးတဲ့သူတွေကတော့တစ်ခုခုကိုမီးမောင်းထိုးပေးလိုက်တယ်
"မကောင်းဆိုးဝါးဘုရင်က ကောင်းကင်စစ်တပ်ဘယ်အချိန်လာမယ်ဆိုတာကိုဘယ်လိုလုပ်ကြိုသိနေရတာလဲ.,ဒီမှာသစ္စာဖောက်တစ်ယောက်များရှိနေတာလား"

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now