Arc 2.2

4.7K 537 1
                                    

Unicode

ရုပ်ရှင် ရိုက်ကူးနေတဲ့အချိန်မှာလင်ရှန်းရှန်းကသူမကိုထပ်ရိုက်ဖို့ကြိုးစားတယ်။ဒါပေမဲ့ရှီရှန်းကအချိန်တိုင်းရှောင်နိုင်ခဲ့တယ် ခနခနလွဲချော်နေတော့ဒါရိုက်တာကစတင်ငေါက်တော့တယ် ရှီရှန်းကတော့အဆူခံရတာကိုမကြောက်ဖူး သူမကဒါကိုဒါရိုက်တာကပုံမှန်ပြောသလိုဘဲလို့မြင်တယ်"မင်းတို့တွေရုပ်ရှင်ကောရိုက်ချင်သေးရဲ့လား!!.!ဒီပုံစံနဲ့ဆိုရင်မနက်ဖြန်ထိဆက်တိုက်ရိုက်ရင်တောင်ဒီအခန်းရိုက်လို့ပြီးမှာမဟုတ်ဖူး" လင်ရှန်းရှန်းရဲ့ရင်ထဲမှာတော့ဒေါသမီးတွေတောက်လောင်နေတယ်။သူမကကျန့်ဝမ်ကိုပြန်ပေးဆပ်စေချင်တယ် ကြိုးစားပမ်းစား နဲ့အဲဒီအခန်းကိုရိုက်ပြီးတာနဲ့ရှီရှန်းကနားနေခန်းကိုလျှောက်သွားတာမြင်တဲ့အခါလင်ရှန်းရှန်းကနောက်ကနေလိုက်လာပြီးအားနဲ့တွန်းလိုက်တယ်"ကျန့်ဝမ်နင်တမင်လုပ်တာမလား!!." "နင့်ကိုပြန်ရိုက်သင့်တာ"ဆိုပြီးရှီရှန်းက အားနဲ့ခပ်ပြင်းပြင်းရိုက်ချလိုက်တယ် အရိုက်ခံလိုက်ရတာကြောင့်လင်ရှန်းရှန်းကစက္ကန့်ပိုင်းလောက်တုံ့ဆိုင်းသွားပြီးရှီရှန်းကိုဒေါသကြီးနဲ့ဆံပင်ကိုဆောင့်ဆွဲဖို့ပြင်​တော့တယ် ရှီရှန်းအတွက်​တော့ဒီလိုလက်တုန့်ပြန်တာမျိုးကရိုးနေပြီဖြစ်လို့ပြင်ဆင်ပြီးသားဖြစ်နေပြီ

သူမကလင်ရှန်းရှန်းရွယ်လာတဲ့လက်ကိုရှောင်လိုက်ပြီးသူမအနောက်ကနေတိုးဖယ်ကာနားနေခန်းထဲကမြန်မြန်ဆန်ဆန်ဘဲထွက်သွားတယ်။နားနေခန်းရဲ့အဝင်မှာအကာအရံအများကြီးမရှိတာကြောက့် ရှီရှန်းကရဲရဲဝံဝံအပြင်ထွက်သွားတဲ့အချိန်မှာလင်ရှန်းရှန်းကတော့သူမရဲ့ဖရိုဖရဲပုံစံနဲ့အပြင်ကိုမထွက်ရဲဖူးလင်ရှန်းရှန်းက သူမကိုယ်သူမလှပအောင်ပြင်ဆင်ပြီးမှအခန်းထဲကထွက်လာပေမဲ့ရှီရှန်းကိူမတွေ့တော့ဘူး။သူမဒေါသတေကပေါက်ကွဲတော့မယ်အတိုင်းဘဲသူမကစိတ်ကိုလျော့လိုက်ပြီးတစ်ခုခုကိုသတိပြုမိသွားတယ်။အရင်တုန်းက ကျန့်ဝမ်ကသတိနည်းပြီးကြောက်တတ်တဲ့သူတစ်ယောက်ဖြစ်တယ်။လင်ရှန်းရှန်းကသူမကိုမကြာခနအနိုင်ကျင့်ပေမဲ့ကျန့်ဝမ်ပြန်ပြောတယ်ဆိုတာနည်းတယ်။သူမဘာလို့ရုတ်တရက်ကြီးကြမ်းတမ်းလာရတာလဲ။သူမပါးပြန်ရိုက်ပြီးတဲ့အချိန်မှာရှီရှန်းကဘယ်သူ့ကိုမှအသိမပေးဘဲထွက်လာခဲ့တယ်
"အကယ်လို့ဒါရိုက်တာကဒီကိစ္စနဲ့ပတ်သက်ပြီးမကျေနပ်ရင်အေးဂျင့်ရှီမိုဆီသွားပြီးငါ့ကိုပြင်ဆင်ဖို့သွားပြောလိမ့်မယ်.ငါကဒီမှာအကြာကြီးနေမှာမှမဟုတ်တာ။ရှီမိုကငါ့ကိုအသုံးချချင်နေမှတော့ငါကသူ့ကိုပြန်အသုံးချပေးကမှာပေါ့.ငါကဟိုငကြောက်ကျန့်ဝမ်မှမဟုတ်တာ,"ရှီရှန်းကသူမဆီမှာကတ်တစ်ကဒ်ရှိနေတာကိုသိလိုက်တယ်သူမဘဏ်ထဲသွားပြီးလက်ကျန်ငွေစစ်လိုက်တော့ကဒ်ထဲမှာဒေါ်လာသုံးသောင်းကျော်ဘဲရှိတာသိလိုက်တယ်ဒါကဟိုentertainmentကပေးတဲ့မဖြစ်စလောက်ငွေလေးဖြစ်မယ်သူမအတွက်ငွေရှာရတာအဲလောက်ခက်တာလားဒေါ်လာသုံးသောင်းပဲရှိတယ်ရှီရှန်းကသူမဘဝအတွက်ဘာလုပ်ရမလဲဆိုတာ​စဥ်းစားနေတဲ့အချိန်သူမဖုန်းကထမြည်လာတယ်ရှီရှန်းကဖုန်းကိုထုတ်ပြီးစစ်လိုက်တဲ့အချိန်မှာသူမအေးဂျင့်ကခေါ်တာဖြစ်လို့ဖုန်းကိုချလိုက်တယ်သူမကိုအကြိမ်အနည်းငယ်လောက်ထပ်ခေါ်တယ်ရှီရှန်းကပြန်ချပစ်တဲ့အခါသူ့လက်ထောက်ဖုန်းနဲ့ထပ်ခေါ်တယ်
ရှီရှန်းကလည်းထပ်ချပစ်တယ်ဖုန်းကထပ်မြည်လာတဲ့အခါရှီရှန်းကမသိချင်ယောင်ဆောင်ပြီးထပ်ချပစ်လိုက်တယ်။ဖုန်းချပစ်တယ်ဆိုတာကလည်းခေါ်တဲ့သူနာမည်ကြည့်ပြီးမှချတာပါရှီရှန်းကစာပို့လိုက်တယ်ငါကငါ့ဘဝကိုရွေးချယ်နေတာ ငါ့ကိုလာပြီးသောက်အနှောက်အယှက်တေလာမပေးနဲ့နင့်လူတွေကိုလည်းငါ့ကိုမနှောက်ယှက်ဖို့ပြောလိုက်"စာပို့ပြီးတဲ့အချိန်မှာရှီရှန်းကသူမဖုန်းကိုပါဝါပိတ်လိုက်တယ်သူမခေါင်းကိုရှင်းလင်းအောင်လုပ်ပြီးတော့သူမရှေ့ရေးအတွက်အစီအစဥ်ဆွဲပြီးတော့ကျန့်၀မ်လက်ရှိနေနေတဲ့တိုက်ခန်းကိုဖြည်းဖြည့်ပြန်လာခဲ့တယ်တိုက်ခန်းကcompanyကထောက်ပံ့ပေးထားတာဖြစ်ပြီးတော့သူမအခြားသရုပ်ဆောင်တစ်ယောက်နဲ့အတူနေရတာဖြစ်တယ်ရှီမိုကအမြဲတမ်းသူမကိုဒိုင်းကာအနေနဲ့အသုံးချခဲတာဖြစ်တယ်ရှီရှန်းတိုက်ခန်းကိုဝင်တဲ့အချိန်မှာအထဲမှာစောင့်နေကသူကိုတွေ့တာမထူးဆန်းပါဘူး အဲဒီသူကတော့သူမရဲ့အေးဂျင့် မီလန်ဖြစ်တယ်သူမကပရော်ဖက်ရှင်နယ်ဆန်တဲ့ဝတ်စုံကိုဝတ်ထားပြီးဆံပင်အတိုညှပ်ထားတဲ့ပုံစံကလုံးဝကိုသပ်ရပ်နေပြီးထက်မြက်တဲ့ပုံစံပေါက်နေတယ် "မင်းဘယ်လိုပြန်လာကမယ်ဆိုတာတော့သိသားဘဲ"သူမအသံကအနည်းငယ်ဒေါသထွက်နေပုံ​ရတယ်"ငါမင်းကိုဖုန်းဘယ်နှကြိမ်ဆက်ခဲ့တယ်ဆိုတာကောသိရဲ့လား"

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now