Arc 4.5

2.5K 339 5
                                    

Unicode

ချီမင်ယွဲ့ရဲ့ လေသံ အပြုမူတွေကတော့ နွေးထွေးတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းသူမစိတ်ထဲ တွေးနေတာက

' အဓိကဇာတ်လိုက်မဆိုတော့လည်း အသက်ပြင်းလိုက်တာ ဇွန်ဘီ​တွေရှိ​နေတဲ့​နေရာမှာတံခါးပွင့်ရက်နဲ့ ပစ်ထားခဲ့တာတောင်မှ ဒီအထိလိုက်လာနိုင်ခဲ့သေးတယ် ကံကတော်တော်လေးကောင်းတာပဲဘယ်လိုပဲဖြစ်ဖြစ် သူ့စွမ်းအားရဲ့အဓိက cheatတွေက ငါ့လက်ထဲမှာပဲ cheatတွေမရှိဘဲနဲ့ ဝတ္ထုထဲကလို စွမ်းနိုင်ပါ့ဦးမလား ကြည့်ချင်သေးတယ် '

"မင်ယွဲ့ သမီးဘာလို့အဲ့ကောင်မနဲ့ စကားသွားပြောနေရတာလဲ  ကျေးဇူးကန်းတဲ့ဟာမကို အဖက်မလုပ်နဲ့ မတန်ဘူး "

ကုအဘွားကြီးက ချီမင်ယွဲ့လက်ကို ဆွဲပြီး လှည့်ပြန်ဖို့ ဟန်ပြင်လိုက်တယ်။

"ဒေါ်လေး ခနနေပါဦး ဝမ်းကွဲအမက တစ်ယောက်တည်း ဖြစ်နေရှာတာလေ  "

"သူ့လိုကောင်မနဲ့ သမီးစိတ်ကိုအနှောင့်ယှက်မဖြစ်စေနဲ့ မနေ့ကသမီးဒီမှာ မရှိလို့ ဒီဟာမပြောတာ မကြားလိုက်တာ ခုကစပြီး ဒေါ်လေးမှာ သူ့လိုသမီးမရှိဘူး "

"ဒါ​ပေမယ့် ဒေါ်လေးရယ် သမီးတို့ကမိသားစုတွေပဲလေ ဝမ်းကွဲအမက ငယ်တုန်းမို့ သွေးဆူလွယ်လို့ပါ ဝမ်းကွဲအမပြောတာကို အတည်မှတ်ပြီး ပစ်ပစ်ခါခါမဆက်ဆံလိုက်ပါနဲ့ ဒေါ်လေးရယ် နော် "

/Annaတော့အန်ချင်လာပြီ💩/

သူတို့နှစ်ယောက်ရဲ့ ချီးလိုစကားတွေကတဖြေးဖြေးနဲ တိုးသွားပြီး ပျောက်သွားတော့တယ်။

ကုနန်းခေါင်းကို ငုံ့ထားပြီး လက်ထဲကဓားနဲ့ဆော့နေတုန်းမှာပဲ သူမရှေ့မှာ လာရပ်နေတဲ့အရိပ်တစ်ခုကို တွေ့လိုက်ရတယ်။ ကုနန်းခေါင်းကို ဖြေးဖြေးချင်းမော့ကြည့်လိုက်တဲ့အခါ‌မှာ အေးစက်နေတဲ့မျက်ဝန်းတစ်စုံနဲ့ တွေ့လိုက်ရတယ်။ 

ဇာတ်လိုက်‌ဆိုပေမဲ့ ဆောင်းရှီက သာမန်လောက်ပဲကြည့်ကောင်းတယ်။ အရင်ကမ္ဘာတွေက ချူးထန်တို့ Luလုချင်းယွင်တို့ ဖုန်းစီတို့နဲ့ ယှဥ်ရင် ဖွဲနဲ့ဆန်ကွဲလိုပဲ။ ဆောင်းရှီက သာမန်လူတွေထက် နည်းနည်းလောက်လေး ပိုကြည့်ကောင်းရုံပဲ။ 

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now