Arc 3.15

2.6K 359 4
                                    

Unicode

ချူးနဥ်ထွက်သွားပြီး​နောက်တစ်ရက်မှာ သူမ​သေသွားပြီဆိုတဲ့ သတင်း​တွေစပြန့်လာတယ်
ချူးယဲ့ ကသူမအတွက်ခံစားချက်အချို့ကျန်ရှိ​နေ​သေးတဲ့အတွက် သူမအသတ်ခံလိုက်ရ​ကြောင်းကြားရတဲ့အခါမှာ ​တော်​တော်စိတ်ထိခိုက်သွားရတယ်

ယဲ့ချင်ချိူးက ချူးယဲ့ကို​အခြားတစ်​နေရာဆီခေါ်သွားဖို့ ဂိုဏ်းသား​တွေကို ​စေခိုင်းလိုက်ပြီး အ​လောင်းကိုအုပ်ထားတဲ့အ၀တ်စကို သံသယဖြစ်စွာ ကြည့်လိုက်တယ်
'ချူးနဥ်ရဲ့အ​လောင်းကို ငါ ​သေ​သေချာချာရှင်းပစ်လိုက်ရဲ့သားနဲ့ အ​လောင်းက ဒီကိုဘာလို့​ရောက်လာပြန်ရတာလဲ  မဟုတ်မှလွဲ​ရော ငါ ချူးနဥ်ကို သတ်လိုက်မှန်း တစ်​ယောက်​ယောက်က သိသွားပြီး ခြိမ်း​ခြောက်ချင်လို့များလား....ဘယ်သူများဖြစ်နိုင်မလဲ....'

ယဲ့ချင်ချိုးက အခန်းထဲကို စိတ်ဒုက္ခ​ရောက်​နေတဲ့မျက်နှာနဲ့ ပြန်၀င်သွားတဲ့အခါ ချူးယဲ့ကအခန်းအလယ်​မှာထိုင်​​နေတယ်

ချူးယဲ့ရဲ့ နာကျင်​နေပုံရတဲ့မျက်၀န်း​တွေကိုမြင်တဲ့အခါမှာ ယဲ့ချင်ချိုးက နှလုံးရပ်မလိုဖြစ်သွားပြီး ​သူ့ရှေ့ကို ဆက်မ​လျှောက်လာရဲ​တော့ဘူး

ချူးယဲ့ ရဲ့ မျက်လုံး​တွေက နီရဲ​နေပြီး ယဲ့ချင်ချိုးကို​တွေ့တဲ့အခါမှာ သူမဆီ ​ပြေးလာပြီး ​ပွေ့ဖက်လိုက်တယ်

"ဂိုဏ်းချုပ်..."

ချူးယဲ့က သူမကို သံသယ၀င်မ​နေမှန်းသိမှသာ ​တောင့်တင်း​နေတဲ့ခန္ဓာကိုယ်က ​ပြေ​လျော့သွားပြီး သူ့​ကျောကို ခပ်ဖွဖွပုတ်​ပေးလိုက်တယ်

"သူက ကျွန်မအ​ပေါ်မ​ကောင်းကြံခဲ့တယ်ဆို​ပေမယ့် လည်း  ရှင့်ကိုကူပြီးသူမအတွက် လက်စားချေပေးပါ့မယ် "

ချူးယဲ့က ခန့်ညားတဲ့​ယောက်ျားတစ်​ယောက်ဖြစ်ပြီး သူ့ရဲ့အိပ်ရာထဲ စွမ်းရည်ကလည်းအ​တော်ကို​ကောင်းမွန်တယ်
ယဲ့ချင်ချိုးက သူ့ကို မနှစ်သက်တာ​တော့မဟုတ်​ပေမယ့် ခပ်ခွာခွာပဲ​နေ​လေ့ရှိခဲ့တယ်

ဒါ​ပေမယ့် အခု​တော့ သူတို့က အတူ​တောင်အိပ်ပြီး​နေပြီဆိုမှ​တော့ ဘာ​တွေ​စောင့်ထိန်း​နေစရာလိုအုံးမလဲ

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now