Arc 3.0

6K 479 1
                                    

Unicode

သူမရဲ့မျက်လုံး​တွေကိုဖွင့်ပြီးပြီးချင်း မှာပဲ ပတ်ပတ်လည်မှာ​တောက်​လောင်​နေတဲ့အဆုံးမရှိတဲ့မီးပင်လယ်ကြီးကို​တွေ့လိုက်ရတယ်
မီးရဲ့အပူရှိန်​ကြောင့် အသား​တွေဟာပူစပ်​နေပြီး​တော့ အာ​ခေါင်တစ်ခုလုံးကလည်း​ခြောက်​သွေ့လို့​နေတယ်
သူမရဲ့ဆံနွယ်​တွေဟာလည်းမီးကျွမ်းကုန်ကြပြီ
သူမ၀တ်ထားတဲ့အ၀တ်အစား​တွေက မီးမလောင်နိုင်တဲ့ အရာတစ်ခုခုနဲ့ဖန်တီးချုပ်လုပ်ထားတာ​ကြောင့် မပျက်စီးနိုင်​ပေမယ့် ၀တ်ဆင်ထားသူကို​တော့ အပူဒဏ်က ကာကွယ်မ​ပေးနိုင်ဘူး

"ဖာ့ခ်!!!!တကယ့်ကိုအချိန်​ကောင်းအခါ​ကောင်းမှာ မှ​ရောက်လာရတယ်လို့ system​ရေ နင်ငါ့ကို​ရောက်​ရောက်ချင်း မီး​​လောင်ပြီး​​သေ​စေချင်​နေတာလား "​

ဘေးပတ်ပတ်လည်မှာ သက်ရှိတစ်ခုခုများရှိ​နေမလားလို့ ပတ်ကြည့်လိုက်​ပေမယ့် အလျှံတညီးညီး​တောက်​လောင်​နေတဲ့ မီး​တောက်​နီနီရဲရဲတွေကိုသာ မြင်ရတယ်

သူတို့ကအဆုံးမရှိဘဲ ​မြေပြင်​ပေါ်မှာရှိ​နေသမျှအရာအားလုံးကို ​ဒေါသတကြီး၀ါးမြိုဖျက်စီး​နေကြတယ်
မီး​တောက်​တွေ​ကြောင့်ဖြစ်​ပေါ်လာတဲ့အပူလှိုင်း​တွေက ရှီရှန်းရဲ့မျက်နှာကို ရိုက်ခတ်​နေတယ်
ရှီရှန်းသာ ဒီထက်​နောက်ကျပြီးမှရောက်မလာဘူးဆိုရင် မူလခန္ဓာကိုယ်က မီးကျွမ်းသွားနိုင်တယ်
မီးရဲ့အပူရှိန်​ကြောင့်သူမရဲ့အသား​တွေ တကျွတ်ကျွတ်မြည်​နေတဲ့အသံကို​တောင် ကြား​နေရသလိုပဲ

ဒီအ​ခြေအ​နေမှာသာ စားပွဲတစ်လုံးရှိ​နေမယ်ဆိုရင် ရှီရှန်းက အဲ့ဒါကို ​မှောက်လှန်ပစ်မိလိုက်လိမ့်မယ်

' ဒါကဘယ်လို​နေရာမျိုးကြီးလဲ !!!!system !!ထွက်ခဲ့စမ်း   နင်နဲ့ငါ နည်းနည်းပါးပါး​ဆွေး​နွေးကြရ​အောင် '

"ဂိုဏ်းတူ​​ဒေါ်​လေး!!ဂိုဏ်းတူ​ဒေါ်​လေး!! ထပါအုံး ​ကျေးဇူးပြုပြီး ထပါအုံး..... !! "

ဘယ်ကလာမှန်းမသိတဲ့အသံတစ်သံက မီး​လောင်ပြင်ကြီးမှာ ပဲ့တင်ထပ်​နေတယ်

'ဒီ​နေရာမှာငါ့အပြင်တစ်​ယောက်​ယောက်ရှိ​နေ​သေးတာလား...'

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now