Arc 2.1

5.8K 585 1
                                    

Unicode

ဒီခန္ဓာကိုယ်ရဲ့မူလပိုင်ရှင်ကို"ကျန့်၀မ်"လို့​ခေါ်ပြီးဒုတိယအဆင့်မြို့​တော်မှာ​နေထိုင်ခဲ့တယ်သူမအသက်၁၀နှစ်အရွယ်မှာ မိဘနှစ်​ယောက်လုံးက ကားမ​တော်တဆဖြစ်မှု​ကြောင့်​သေဆုံးသွားခဲ့ရပြီးကျန့်၀မ်ကအ​မေဘက်က ဦး​လေးဆီမှာ လိုက်​နေခဲ့ရတယ်
သူမရဲ့မိဘ​တွေက မ​တော်တဆမှုမှာဆုံးပါးသွားခဲ့တာမို့လို့ အသက်အာမခံ​ငွေနည်းနည်း​လောက်ရခဲ့တယ်​အဲ့ဒီ​ငွေနဲ့ သူမရဲ့ပညာ​ရေးကို ပြီးဆုံး​စေနိုင်ပြီး တက္ကသိုလ်ပြီး​အောင်တက်ဖို့လုံ​လောက်ပါတယ်ဒါ​ပေမယ့် သူမကို ​စောင့်​ရှောက်တဲ့ ဦး​လေးတို့မိသားစုက သူမအ​ပေါ်မှာ ​ကောင်း​ကောင်းမဆက်ဆံကြဘူးအာမခံ​ငွေ​တွေအကုန်လုံးကိုအပိုင်စီးထားကြတာ​တောင်မှ သူမအ​ပေါ်​​ အ​စေခံတစ်​ယောက်လိုဆက်ဆံကြတယ်သူမရဲ့တက္ကသိုလ်​ကျောင်းလခကို​တောင်မှပဲ မ​ပေးခဲ့ကြဘူးကျန့်၀မ်က အထက်​ကျောင်းတက်​​နေခဲ့ကတည်းက အချိန်အပိုင်းအလုပ်​တွေလုပ်ခဲ့ရတယ်ဒါ​ပေမယ့် ကျန့်၀မ်အထက်တန်း​ကျောင်း တတိယနှစ်​ယောက်တဲ့အခါမှာ သူမရဲ့ဦး​လေးက အသက်၄၀​​လောက်ရှိတဲ့ သူ့သူငယ်ချင်းနဲ့အတင်းအကျပ်​ပေးစားဖို့လုပ်ခဲ့တယ်သူမက ဘ၀တစ်ခုလုံးကို ဒီလိုကြီး အဆုံးရှုံးမခံနိုင်တာ​ကြောင့် အိမ်က​နေထွက်​ပြေးလာခဲ့ပြီးဦး​လေးတို့ မိသားစုရှာ​တွေ့သွားကြမှာစိုးလို့ ပထမအဆင့် ချင်မြို့​တော်ကို ခပ်​ကြောက်​ကြောက် တက်လာခဲ့ရတယ်မြို့​တော်ကို​ရောက်တဲ့အခါမှာ ကျန့်၀မ်က ​ဖျော်​ဖြေး​ရေး entertainmentတစ်ခုမှာ  dramaတစ်ခုရဲ့ ဖြတ်​လျှောက်တစ်​ယောက်အဖြစ် အလုပ်၀င်ခဲ့တယ်အစပိုင်းမှာ ဖြတ်​လျှောက်တစ်​ယောက်အဖြစ်သာဆိုပေမယ့် သူမက အရမ်းလှလွန်း​နေပြီးကံလည်းနည်းနည်း​ကောင်းတာ​ကြောင့် screen timeနည်းနည်းပိုရတဲ့ အ​စေခံ​ခေါင်း​ဆောင် ​နေရာမှာ သရုပ်​ဆောင်ခဲ့ရတယ်
​နောက်ပိုင်းမှာ​တော့ ဒုတိယမင်းသမီး​​နေရာကဇာတ်​ကောင်တွေမှာ သရုပ်​ဆောင်ရလာတဲ့အထိ အခွင့်အ​ရေး​တွေရခဲ့တယ်အဲ့ဒီဇာတ်​ကောင်က လူ​တွေသ​ဘောကျပြီး  လူငယ်ကြိုက dramaအမျိုးအစားလည်းဖြစ်တာ​ကြောင့်မို့လို့ ရုပ်သံလိုင်း​တွေမှာ ထုတ်လွှင့်တဲ့အခါမှာ  ကျန့်၀မ်က ​အောင်မြင်မှု အနည်းငယ်ရလာခဲ့တယ်အဲ့ဒါ​ကြောင့် သူမလည်း သုံးဖန်လို့​ခေါ်တဲ့ entertainmentတစ်ခုနဲ့ စာချုပ်ချုပ်ခွင့်ရခဲ့တယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now